Part - 27

29.4K 1.7K 514
                                    

[ Unicode ]

ဦးဟိန်းသည် မြေအောက်ခန်းသို့ရောက်သည်နှင့် အာကာအားဆွဲထိုးလိုက်သည်မို့ အာကာသည်မှောက်လျက်သားကျသွားလေသည်။ထို့နောက် ချက်ချင်းပဲ့ ဦးဟိန်းရှေ့၌ဒူးထောက်လိုက်ကာ....

" ကျနော့်အမှားတွေပါ ကိုဟိန်းတောင်းပန်ပါတယ်"

ကိုထွဋ်သည် အာကာအားကြည့်ပြီး.....

" ဟေ့ယျောင်....မင်းဘာလုပ်နေတာလဲ "

ဦးဟိန်းသည် ဒေါသထွက်စွာဖြင့် ကိုထွဋ်၏မျက်နှာတည့်တည့်သို့ကန်လိုက်လေသည်။

"အာကာ မင်းကိုယ်မင်းအပြစ်ရှိတယ်ခံစားရရင်
မင်းသူငယ်ချင်းကို မင်းပဲ့ကြည့်ရှင်းလိုက် ပြီးရင်ငါ့ကို video ပို့လိုက်"

" ဟုတ်ကဲ့ ကိုဟိန်း "

"ရက်စက်နိုင်သလောက်ရက်စက်...မဟုတ်ရင် သူမခံလိုက်ရတဲ့ရက်စက်မှုတွေကိုမင်းအစားခံယူရလိမ့်မယ် "

" ဟုတ် စိတ်ချပါ ကိုဟိန်း "

အမိန့်ပေးပြီးသည်နှင့်ဦးဟိန်းသည် ထိုအခန်းကြီးမှ ထွက်သွားလေသည် ။

အာကာလည်း ကြိုးတုတ်ခံထားရသောကိုထွဋ်အနားသို့လာကာ သူငယ်ချင်းသံယောစဉ်အားဘေးဖယ်၍ မိမိတာဝန်ကိုဆက်လုပ်ရပေတော့သည် ။

"အားးးးးးးးးးးးး"

>>>>>>>>>
>>>>>>>>>

"ယု ရောက်နေပြီလား "

ဦးဟိန်းသည် ဦးတိမ်အားမေးလိုက်သည်။

"ဟုတ်ကဲ့ Boss ပိုင်လေးရဲ့အခန်းထဲမှာပါ "

" အင်း "

ဦးဟိန်းတစ်နာရီကျော်လောက်ထိ ဧည့်ခန်းရှိဆိုဖာကြီးမှာပဲ့ထိုင်စောင့်နေလိုက်ကာ ခနနေတော့ အပေါ်ထပ်မှ ယု လည်းဆင်းလာသည်။

" ယု.."

ဖြန်းးး

ယု ဦးဟိန်းအား ပါးရိုက်လိုက်သည် ။

" လူစိတ်မရှိတဲ့ကောင်! နင် ၁၈ နှစ်မပြည့်သေးတဲ့ကလေးကိုဘာလုပ်လိုက်တာလဲသိလား "

" နောက်သုံးရက်ဆို သူ ၁၈ နှစ်ပြည့်ပြီလေ "

"နင်!! ဟူး.."

Can You Turn All Your Hatred Into Love ?  🚨 CompletedDonde viven las historias. Descúbrelo ahora