Part - 29

24.9K 1.6K 337
                                    

[ Unicode ]

ကောင်ငယ်လေး ယနေ့မှာတော့အစောကြီးနိုးထလာရာ ဘေးနား၌ ဖုန်းအသစ်တစ်လုံးနှင့် Happy Birthday ပါဆိုသော စာရွက်ဖြူလေးတစ်ရွက်အား တွေ့သည် ။

"မဟုတ်မှလွဲရော...ဒယ်ဒီလာပေးသွားတာလား"

ထက်ပိုင်ချက်ချင်းထပြီး ဦးဟိန်းအခန်းတံခါးလေးအား ဆွဲဖွင့်ပြီး အခန်းထဲဝင်ရန်အလုပ်....

"အ့..."

အခန်းထဲကနေထွက်လာတဲ့ ဦးဟိန်းရင်ဘတ်ကြီးနှင့်တိုက်မိကာနောက်သို့ လဲကျသွားသော ကလေးငယ်လေးအား ခါးမှပြန်ဆွဲပေးလိုက်သည် ။

ထက်ပိုင်မျက်လုံးများမှာတစ်လက်လက်ဖြစ်နေပြီး ရင်ဘတ်မှ တဒုန်းဒုန်းမြည်နေသောအသံများကို ရှင်းလင်းစွာကြားရသည်အထိ ။

"ဟို..ဟို ဖုန်းကဒယ်ဒီပေးသွားတာလားဟင် "

"ဟုတ်တယ် မွေးနေ့လက်ဆောင် "

"ကျေးဇူးပါ ဒယ်ဒီ!!"

ထက်ပိုင်ခြေဖျားထောက်ပြီး ဦးဟိန်းပါးအားနမ်းလိုက်သည်မို့ ဦးဟိန်းမှာပျော်မိသလိုလို ကြောင်တောင်တောင်ဖြစ်သွားသည်။

"ဒယ်ဒီလည်းနိုးပြီဆိုတော့ မခိုးနမ်းတော့ဘဲဗြောင်နမ်းလိုက်တာဗျ ဟီး!"

"နောက်တစ်ခါအဲ့လိုမလုပ်နဲ့"

"ဟင့်! တွန့်တိုလိုက်တာ"

" ဒါနဲ့..မင်း Iceland ကိုသွားချင်တယ်လို့ပြောဖူးတယ်မလား "

"ဟုတ် ဒယ်ဒီ"

"မနက်ဖြန်သွားမယ် အဆင်သင့်ပြင်ထား"

"ဗျာ....! "

"ကိုယ်အလုပ်ကိစ္စနဲ့ Iceland သွားဖို့ရှိတယ် ဘာလဲ! မလိုက်ချင်လို့လား "

"မ..မဟုတ်ပါဘူး ပြင်ထားလိုက်ပါ့မယ်!"

"မနက်ဖြန် ၅ နာရီစထွက်မယ် နောက်ကျရင်အိမ်မှာပြစ်ထားခဲ့လိုက်မှာ "

"ဗျာ ပစ်မထားပါနဲ့ ကျနော်လိုက်မှာ! "

ထက်ပိုင်အတွက် ထို့နေ့မနက်ခင်းသည် ခါတိုင်းလို မျက်ရည်နှင့်အတူ နာကျင်ခြင်းတွေမဟုတ်ဘဲ အပြုံးနဲ့အတူ ရင်ခုန်ခြင်း ပျော်ရွှင်ခြင်းတွေနဲ့ စတင်ခဲ့ရပြီ ။

Can You Turn All Your Hatred Into Love ?  🚨 CompletedDonde viven las historias. Descúbrelo ahora