Author's Note

25.9K 1.2K 542
                                    

Unicode~

Fic ထဲမှာမေးနေကြတဲ့မေးခွန်းကို ဖြေပေးပါ့မယ် ။

မေး : ဦးဟိန်းရဲ့ညီမလေးကိုဖျက်ဆီးခဲ့တာက ထက်ပိုင်မိဘနဲ့ ထက်ပိုင်အကိုပါ ။ ဦးဟိန်းက ဘာကြောင့် ထက်ပိုင်ကိုပါ နှိပ်စက်ရတာလဲ ? ။

ဖြေ : ဦးဟိန်းက သူ့ညီမကိုဆုံးရှုံးကတည်းက ကြိမ်ခဲ့ပါတယ် ။ တစ်မိသားစုလုံးပြန်ပေးဆပ်ရမယ်လို့ ။ ပြီးတော့ ဦးဟိန်းကစီစဉ်ခဲ့တာပေါ့...။ ထက်ပိုင်က ထက်ပိုင်မိဘတွေအတွက် အထူးခြားဆုံးနဲ့ အမြတ်နိုးရဆုံးဆိုတော့ ထက်ပိုင်ကိုအသုံးချပြီး သူ့မိဘတွေကို နှိပ်စက်ချင်လို့ ထက်ပိုင်ကို ဖမ်းပြီး ချစ်ပေးချင်ယောင်ဆောင်တာပါ ။ ဦးဟိန်းကလည်း တစ်ဖြည်းဖြည်းနဲ့ ထက်ပိုင်အပေါ်သံယောစဉ်ရှိသွားတော့ လက်မလွှတ်နိုင်ဖြစ်နေတာပါ...။

မေး - ဦးဟိန်းရဲ့မွေးစားမိဘမှာ သားတစ်ယောက်ရှိတာ အဲ့သားက ဘယ်ပျောက်သွားတာလဲ ။

ဖြေ - ဦးဟိန်းက အဲ့သားကိုပါ တိတ်တဆိတ်သတ်ပစ်ပြီး အမွေတွေကို ယူခဲ့လို့ CEO Hein ဆိုတာဖြစ်လာခဲ့တာပါ ။

မေး - ဦးဟိန်းရဲ့ ကုသလို့မရတဲ့ ဆိုစီယိုပါတ့်ဖြစ်တဲ့ ဆိုက်ကို ရောဂါက ဘာလို့ ပျောက်သွား အဲ့ချိန်မှ အာကာက ယုကို နင်လိမ်တယ်လို့ ဘာကြောင့်ပြောတာလဲ ။

ဖြေ - Sociopath ဆိုတာ လုံးဝကုသလို့မရ ဒါမှမဟုတ် ကုသဖို့အလွန်တရာခက်ခဲတဲ့ရောဂါဆိုတာ သိပါတယ် ။ ကိုယ် Google မှာရှာကြည့်ပြီးပါပြီ ။ Sociopath ရဲ့ ကုသနည်းကို လုံးဝရှာမတွေ့ခဲ့ပါဘူး ။ ဒါကြောင့် Just Fiction အနေနဲ့ပဲ့ ဦးဟိန်းရဲ့ဆိုက်ကိုက အနှိပ်စက်ခံ အချစ်မဲ့မှုကနေ ဖြစ်လာတာမို့ ကိုယ်က Iceland ကိုသွားတဲ့ ၅ ပိုင်းမှာ ဦးဟိန်းကို ထက်ပိုင်ဆီက အချစ်တွေနဲ့ ကုပေးခဲ့တာပါ ။ အဲ့လိုနည်းနဲ့ကုဖို့ အကြံရခဲ့တာက ယု ဖြစ်ပါတယ် ။ ယု ကသိတယ် အာကာ ထက်ပိုင်ကို ချစ်နေတယ်ဆိုတာ ။ ဒါကြောင့် ယု လိမ်လိုက်တာ ဦးဟိန်းမှာ ဆိုက်ကိုပျောက်သွားရင် ထက်ပိုင်ကို ကိုဟိန်းက စွန့်လွှတ်မယ်ဆိုပြီး ။ အာကာကလည်း ယုံသွားတာ ။ တစ်နည်းအားဖြင့် ယု က လူနှစ်ယောက်ပျော်ရွှင်စေဖို့ အာကာကို အသုံးချခဲ့သလိုပဲ့ ။ သူ့မှာလည်း သုံးယောက်လုံးနာကျင်နေတာ မကြည့်ရက်လို့ပါ ။

Can You Turn All Your Hatred Into Love ?  🚨 CompletedTempat cerita menjadi hidup. Temukan sekarang