Part 1

5K 308 19
                                    

edited A/N :
ဒီficက Banga_wayoအနေနဲ့ ပထမဆုံးစရေးဖူးတဲ့ EN- Burmese Fanficပါ။ အမှန်တိုင်းဝန်ခံရရင် ကလေးဆန်ပြီးအားနည်းချက်တွေအများကြီးလို့မြင်ပါတယ်။ တခြားနောက်ပိုင်းရေးတာတွေထက်စာရင် အားမရဆုံးဖြစ်တဲ့ficတစ်ပုဒ်ပါ။
ဒါကြောင့်မို့ သည်းခံပြီးဖတ်ပေးကြပါလို့ ကြိုပြီးတောင်းပန်ချင်ပါတယ်။


(Unicode)



"အိုပါး!!!"

စာထဲ စိတ်နှစ်မလို့လုပ်နေတုန်း ရုတ်တရက်ကြားလိုက်ရသည့်အသံကျယ်ကျယ်နှင့် တုန်တတ်သွားသည့်ခန္ဓာကိုယ်ကြောင့် တစ်ဖက်လှည့်လိုက်မိသည်။

"လန့်လိုက်တာ ရယ်ဂျီရာ နင့်အသက်ဘယ်နှနှစ်ရှိလို့ ဒီလိုတွေဆော့နေတုန်းလဲ?"


ဒီကောင်မလေးကို နည်းနည်းတော့ဆူပေးမှရတော့မည်။

အငယ်ဆုံးလေးမို့ တစ်အိမ်လုံးကအလိုလိုက်ခံထားရတဲ့အချစ်ခံလေးမို့ ဆယ်ကျော်သက်ဖြစ်သည့်တိုင် မရင့်ကျက်နိုင်။

အထူးသဖြင့်ကျွန်တော်နဲ့ဆိုပိုဆိုး။

သူ့ကိုဘယ်တော့မှ အနိုင်မယူရက်မှန်းသိတော့ တစ်ဦးတည်းသောအကိုဖြစ်သည့် ပတ်ခ်ဆောင်းဟွန်းဆိုသော ကျွန်တော်မှာ ပတ်ခ်ရယ်ဂျီ အတွက်တော့ အမြဲ နောက်စရာပြောင်စရာ သတ္တဝါကြီးဖြစ်နေသလိုပင်...။



"ရယ်ဂျီရေ အိုပါးက စာလုပ်နေတာလေ။သွားနှောင့်ယှက်မနေနဲ့"

"အမေရယ် ပြောပါဦး! ပထမနှစ်ဝက်စာမေးပွဲမှာတည်းက သားကောင်းကောင်းဖြေနိုင်မှရမှာ။ ဒီနှစ်တော့ သား တကယ် စာကိုအာရုံစိုက်ဖို့လိုအပ်နေပြီ"

"ဟုတ်ပါတယ်...ငါ့သားလေးလည်း အရင်ကဆိုအမြဲ Figure skating ဘက်ကိုပဲ အာရုံရောက်နေလို့ စာကိုသေချာမလုပ်ခဲ့ရတာ။ ဒီနှစ် အထက်တန်းနောက်ဆုံးနှစ်ကိုတော့ စာလုပ်ရတော့မှာပဲ။ သားညီမ ရယ်ဂျီလေးကလည်း သားကိုသိပ်ချစ်လို့ဒီလိုဖြစ်နေတာဆိုတော့ မေမေတို့ အပြစ်ပြောလို့လည်းမရပြန်ဘူး"


"ကျွန်တော်တစ်ခုခု စီစဉ်ဖို့စဉ်းစားကြည့်ပါဦးမယ် အမေရာ။ သားရော ရယ်ဂျီရော အဆင်ပြေနိုင်မဲ့နည်းလမ်းပေါ့"




















It's YOU,my SOULMATE | SUNGJAKE✅Where stories live. Discover now