Part-5🐼

3.1K 220 10
                                    

Jenအခန်းပြန်ရောက်တော့Mr.Kimတို့က ဧည့်ခန်းမှာထိုင်နေကြ Jenမျက်နှာကိုအောက်ငုံ့ထားရင်းMs.Kimကို...

"Omma...Jenအရင်ဝင်တော့မယ်နော်။ခေါင်းနဲနဲကိုက်နေလို့"

ပြောပီးJenအိပ်ခန်းထဲတန်းဝင်လိုက်တယ်။အခန်းထဲရောက်မှ Jenခုနကအဖြစ်ကိုတွေးပီးကုတင်ပေါ်ဝမ်းလျားမှောက်ကာထပ်ငိုမိပါတော့တယ်။

"ဟင့် ဟင့် ...."

Jijiကတော့Jenငိုထားတာကိုရိပ်မိသွားကာMs.Kimကို....

"Omma ...Jenအခန်းထဲChuလိုက်သွားအူးနော်"

"ဟုတ်ပါပီကွယ်..."

Jijiလည်းဧည့်ခန်းထဲကထကာJenအခန်းတံခါးကိုခေါက်ရင်း....

"JenရေChuပါ။တံခါးလေးလာဖွင့်ပေးပါအုန်း"

Jenနဲ့Jijiကမတည့်ဘူးဆိုပေမယ့်သွေးသားရင်းညီအစ်မတေဆိုတော့ တစ်ယောက်ဘာဖြစ်ဖြစ်တစ်ယောက်ကသိနေတာကိုး။Jenလည်းJijiအသံကြားတော့မျက်ရည်တေကိုသုတ်ကာ....

"Chuကခါတိုင်းဆို ငါ့အခန်းကို သိပ်လာလေ့မရှိဘူး။ငါငိုထားတာများသိသွားတာလားမသိဘူး."

ငိုတာကိုရပ်ပီး....

"ခနနော် Chu။Jenမျက်နှာသစ်နေလို့"

JijiကိုပြောကာJenလည်းမျက်နှာပြေးသစ်ပြီးမှအခန်းတံခါးဖွင့်ပေးလိုက်ပြီးရပ်နေတဲ့Jijiကို...

"လာလေ....Chu"

ခေါ်လိုက်တော့JijiကJenမျက်နှာကရေစက်တေကိုကြည့်လိုက်ပြီး...

"Jen....ငိုထားတာလား"

"Amm...မ...မဟုတ်ပါဘူး။Chuရဲ့မငိုပါဘူး။မိတ်ကပ်တေကြောင့်မျက်နှာသစ်ထားတာ ..."

"Jenရာ...Chuကိုလာလိမ်မနေနဲ့။ငိုထားတာ သိသာနေတာကြီး မျက်လုံးတေကိုရဲနေတာပဲ"

"....."

"Jenရယ်။မလိမ်တတ်ပဲဘာလို့ Chuကိုလာလိမ်နေတာလဲ"

Jijiကပြောလိုက်မှ Jenပိုဝမ်းနည်းသွားကာ

"Eee.....eee......"

ထပ်ငိုတော့JijiကJenကိုပွေ့ဖက်လိုက်ရင်း သက်ပြင်းချလိုက်ကာ .....

"ဘာလို့ ငိုတာလဲ။ Appaတွေ့ပေးတဲ့ အိမ်ထောင်ဖက်က အဆင်မပြေလို့လား ဟင်"

💛True Love💛{Completed}Tempat cerita menjadi hidup. Temukan sekarang