part-5 (unicode)

144 10 3
                                    

"Yyar Jihun ah... စာကြည့်တိုက်သွားရအောင်"

"မင်းတစ်ယောက်တည်းသွားပါကွာ ငါအိပ်အုံးမယ်"

"Projectရှိတယ်လေ သွားရအောင်"

"......."

ခုံပေါ်မောက်အိပ်နေသော Jihunမှာ ပြန်မဖြေတော့

Projectအတွက် အချက်အလက်နဲ့ ကိုးကားချက်တွေ စုဆောင်းဖို့ စာကြည့်တိုက်သို့ တစ်ယောက်တည်းသာသွားလိုက်သည်

စာအုပ်တွေကို တစ်တန်းပြီးတစ်တန်း ရှာနေစဥ်မှာပင်

စင်ကို ထောက်လာသော လက်တစ်စုံ

စူးရှသောမျက်လုံးနှင့်အတူ ပါးလွှာသောနှုတ်ခမ်းလေး
စာအုပ်စင်တွင် ထောက်နေသောလက်မှာ သွေးကြောများထင်ဟပ်လျက်...

ကျွန်တော်ကပိတ်ခံရသည်မို့ ကျောက်ရုပ်လို ရပ်နေတော့သည်

ကျွန်တော့ရင်ခုန်သံတွေပေါက်ကွဲတော့မလိုလို

"မင်းရဲ့ရင်ခုန်သံတွေ ကိုယ်ကြားနေရတယ်ကောင်လေး"

သူကတော့ ကျွန်တော့်နှုတ်ခမ်းဆီ အကြည့်ရောက်လိုက် မျက်လုံးဆီရောက်လိုက်နှင့် တဖြည်းဖြည်း တိုးလာကာ ကျွန်တော့်မျက်လုံးလည်း အလိုလိုမှိတ်သွားသည်

ရှည်လျားသောမျက်တောင်မွှေး
မျက်နှာလေးကလည်းဖောင်းဖောင်း
ပြီးတော့ နီရဲနေသော နှုတ်ခမ်း
လက်သီးကလည်းဆုပ်ထားသေးတယ်

အခုမှ သေချာကြည့်မိသည်
ပြည့်စုံလွန်းတယ် ကောင်လေး

"ဘာလိုမျက်စိမှိတ်လိုက်တာလဲ"

"Ar arrnyi....."

"ငါစာအုပ်ယူမလို့ မင်းအနောက်မှာ...."

"အော"

ဆိုပြီး နှစ်ယောက်လုံး ခွာလိုက်ကာ

Jungkookလည်း သူယူမယ့်စာအုပ်ကို ယူပြီး ထွက်သွားလိုက်သည်

"ဟူး ထွက်သွားပြီ"
Taehyungမှာ​ေတာ့ချွေးများပြန်လာသည်

ထွက်သွားလို့တော်သေးသည်
မဟုတ်ရင် ကျွန်တော် မနေနိုင်မထိုင်နိုင်ဖြစ်ကုန်တော့မှာပဲ

လိုအပ်သည့်စာအုပ်များကို ရွေးယူပြီး
စာဖတ်တန်းတွင် တစ်ယောက်တည်းသွားထိုင်၍ စာကိုမနားတမ်းရှာနေလိုက်သည်

❤ Could you love me again? ❤Where stories live. Discover now