Part - 4 (unicode)

144 8 2
                                    

ကျွန်တော့်အမေဆုံးသွားတာ နှလုံးရောဂါနဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ခန့်က.....
ကျွန်တော့်စိတ်လည်း သေသွားခဲ့တယ်
ကျွန်တော့်အသက် 8နှစ်​ပဲရှိသေးတဲ့အချိန်
အမေမ​သေခင် ပြောသွားတဲ့စကားတစ်ခွန်း
"သားအဖေ့ဆန်ဒကို လိုက်လျောပေးလိုက်ပါ အမေသားကိုချစ်တယ်" တဲ့လေ
ကျွန်တော်နာကြည်းမိတယ်
ကျွန်တော်မွေးကတည်းက အမေဆုံးတဲ့အထိ အဖေ့မျက်နှာကိုမမြင်ခဲ့ရဘူး
အဖေက ဘယ်သူမှန်းသိပေမယ့်ပေါ့
ကျွန်တော်တို့သားအမိနှစ်ယောက်ထားခဲ့တဲ့ အဖေ့ကို ကျွန်တော်မုန်းတယ်
အမေ့အသုဘတောင်မလာခဲ့ဘူး အမေ့နောက်ဆုံးခရီးစဥ််ကိုတောင် မှီအောင်မလာနိုင်ခဲ့တာကျွန်တော့်အဖေတဲ့လား

အမေဆုံးသွားပြီး သုံးရက်လောက်အကြာမှာတော့ ကျွန်တော့်အဖေကကျွန်တော့်ကို Jeonju Hanok ရွာလေးကနေ 189 kmလောက် ကွာဝေးတဲ့ Busanသို့ခေါ်လာခဲ့သည်

အဖေ့အိမ်ရောက်တော့
ကြီးကျယ်ခမ်းနားလိုက်တဲ့ အဆောက်အအုံကြီး.....

ခြံဝင်းလည်း အကျယ်ကြီးပင်
အဖေ့ကိုကြိုဆိုနေကြတဲ့ အိမ်ဖော် ဆယ်ယောက်လောက်ရှိမည်

"ရောက်လာပြီလား သခင်ကြီး"

"အေး ဒါနဲ့ သူ့အခန်းရှင်းပေးထားတယ်မလား"

"အကုန်ရှင်းပေးထားပါတယ် သခင်ကြီး"

"Imm... နင်တို့သခင်မကြီးသားအမိကော"

ဟင်.. သ..သခင်မကြီး ဟုတ်လား
ဘယ်လို ဘယ်လို

"အော်.....ရောက်လာပြီလား"
အိမ်၏ဧည့်ခန်းတွင် ထိုင်နေသော သခင်မကြီးဆိုသူနှင့် သူ့သား

"​ေအာ ဒါနဲ့......"

"အော် နောက်ဆုံးတော့ ရှင့်အငယ်အနှောင်းရဲ့သားကို အိမ်ပေါ်ခေါ်လာပြီပေါ့လေ"

ဘာ... အငယ်အနှောင်းရဲ့သားဟုတ်လာ
ဒါဆို အမေ.... အမေက
ကြောင်တောင်တောင်နှင့် နားမလည်သေးသော 8နှစ်သားအရွယ်ကျွန်တော်

"အငယ်အနှောင်းရဲ့သားလည်းငါ့သားပဲ
သားအပေါ်တက်မယ် လာ"

ကျွန်တော့်လက်ကိုဆွဲလာတဲ့ လက်ကိုဖြုတ်ချလိုက်တယ်

"ခင်ဗျား အမေ့အပေါ်ဘယ်လိုလုပ်ရက်ရတာလဲ အော် ဒါကြောင့် လာမတွေ့နိုင်တာကိုး ကျွန်တော့်ကိုဘာလို့ခေါ်လာတာလဲ ကျွန်တော် ဒီအိမ်မှာမနေနိုင်ဘူး"

❤ Could you love me again? ❤Where stories live. Discover now