"ဟေ့ကောင် မင်းTaeကိုခေါ်ပြီး ဘယ်သွားလို့ ခုမှပြန်လာတာလဲ"
ဧည့်ခန်းမှာ ထိုင်စောင့်နေသောသခင်မကြီးရဲ့သား
စားပွဲပေါ်မှာလည်း အရက်နှစ်ပုလင်းနဲ့ သူ့ခွက်
Hk..... မဟုတ်မှ ကြေကွဲနေတာလားတကယ်တော့ ကောင်လေးနဲ့တွေ့ပြီး ကတည်းက အိမ်ကိုတန်းမပြန်ပဲ barဆိုင်သို့ဦးတည်လိုက်တာ
အဲ့ဒီ့အချိန်အိမ်တန်းပြန်လိုက်ရင် သူတို့ညစာစားလို့မပြီးနိုင်သေးမှန်းသိလို့
လာစားပါဆိုပြီးတော့လည်း အဖိတ်မခံချင်ဘူး သူတို့အမြင်မှာ သနားစရာဖြစ်နေမှာမလား"ဘာလုပ်လုပ် ဘယ်သွားသွားပေါ့ ခင်ဗျားအပူမပါဘူး"
ကျွန်တော့် ကော်လံအကျီကိုလာဆွဲသည်
"မင်းနဲ့Taeက ဘယ်လိုပတ်သက်တာလဲ"
"Hk..... ဟိုလိုလိုဒီလိုလိုပေါ့ ပြောရမယ်ဆိုရင် ခင်ဗျားရဲ့ Brother-in-law ပေါ့
ချောလား ချစ်စရာလေးမလား"💢💢💢
ကျွန်တော့်ကို လက်သီးနဲ့ပိတ်ထိုးလိုက်သည်
"မင်းက တကယ့်အနှောက်အယှက်ကောင်ပဲ အငယ်အနှောင်းသားကများ...."
"ခင်ဗျားကျွန်တော့်ကိုမနိုင်တဲ့ချိန် အဲ့စကားပဲသုံးပြီး နှိမ်တတ်တာလား
ဒါပေမယ့် ဘယ်လိုလုပ်မလဲ သူက အငယ်အနှောင်းသားဆိုလည်း ချစ်တယ်တဲ့"နောက်ထပ်တစ်ချက် ထပ်ထိုးသည်
ဒီတစ်ခေါက်က ပိုပြင်းတာကြောင့် ကျွန်တော်လဲကျသွားပြီး နှုတ်ခမ်းပါပြဲထွက်သွားသည်ပြီးတော့ကျွန်တော့်အကျီကို ပြန်ဆွဲလိုက်သည်
"အခုမင်းငါ့ကို လာစိန်ခေါ်နေတာလား
မင်းလိုကောင်မျိုးကသူနဲ့ထိုက်တယ်လို့ထင်နေတာလား စမ်းကြည့်လိုက် အချိန်တန်ရင် ငါ့အပိုင်ဖြစ်လာမှာ""Hk..... ခင်ဗျားမှာ မိသားစုကော ကုမ္ပဏီကောပိုင်ပေမယ့် သူ့နှလုံးသားကို ခင်ဗျားမပိုင်ပါဘူး"
"မင်း!!!"
ကျွန်တော်တို့နှစ်ယောက် ရန်ငြိုးပြင်းနေတဲ့ မျက်ဝန်းနဲ့ အချင်းချင်းကြည့်နေခဲ့ကြတယ်
YOU ARE READING
❤ Could you love me again? ❤
Teen Fictionကျွန်တော် ရင်နှစ်အောင်ချစ်ရသူဆိုလို့ ခင်ဗျားတစ်ယောက်တည်းရှိခဲ့တာ၊ ခင်ဗျားကို ကျွန်တော်ချစ်သလောက် ခင်ဗျားကျွန်တော်ကိုလှည့်စားခဲ့တယ်၊ နာကျင်ရတယ် နှလုံးသားအစိတ်စိတ်အမွှာမွှာကြေကွဲရသည်အထိ. Jeon Jungkook ဆိုတဲ့ခင်ဗျားနာမည်ကြားတိုင်း ရင်ခုန်သလောက် နာကျင်ရ...