🐧 Chapter (26)🐧

16.4K 1.4K 41
                                    

Unicod

««တေဇ ရန်ပိုင်နှင့်အတူ ဂိမ်းထိုင်ဆော့နေတုန်း

“မင်းနဲ့ငါ သူငယ်ချင်းမဖြစ်နိုင်တော့ဘူး”

တေဇကို စူးစိုက်ကြည့်ပြီး ခပ်စိမ်းစိမ်းပြောလာတဲ့ ရန်ပိုင်
တေဇ
“ဟေ့ကောင် ဘာတွေပြောနေတာလဲ လာမနောက်နေနဲ့”

“မင်း ငါကို လာမပေါင်းနဲ့တော့ နောက်လည်းငါကိုမဆက်သွယ်နဲ့တော့”

ပြောပြီး ကျောခိုင်းထွက်သွားတဲ့ ရန်ပိုင်ကျောပြင်ကိုကြည့်ပြီး
လိုက်သွားဖို့ပြင်ပေ့မယ် လရင့်နေတဲ့ ဗိုက်ကြောင့် လှုပ်ရှားဖို့က မလွယ်ကူ မှီအောင်လိုက်ပြီး လှမ်းခေါ်တော့လည်း လုံး၀‌ေတဇကုိ လှည့်မကြည့်ဘဲ ထွက်သွားနေသည်။

“ဟေ့ကောင် မင်းကို ကိုပိုင်နဲ့တိုင်မှာနော်ငါကိုထားခဲ့ရင် သူတောင်းစားပြန်လာခဲ့ဟ ငါမောနေပြီး”

တဖြည်းဖြည်းမျက်စိရှေ့က နေပျောက်ကွယ်သွားတဲ့ ရန်ပိုင်ကျောပြင် ကိုကြည့်ပြီး ထိုနေရာမှာပင်ထိုင်ချကာ
မိမိ၏ တစ်ဦးတည်းသော သူငယ်ချင်းက စွန့်ခွာသွားပြီးဆိုတဲ့
အသိကြောင့် မျက်ရည်များကျလာကာ အော်ငိုနေမိသည်။

“‌ေခွးကောင် ပြောတော့ အခင်ဆုံးဆိုပြီးထားသွားပြန်ပြီး
မင်းလည်း တခြားသူတွေနဲ့အတူတူဘဲ ”

အော်ငိုနေရင်းပင် မောလာပြီး ရောက်နေတဲ့ ပတ်၀န်းကျင်ကို
သတိထားပြီး ကြည့်မိလိုက်တော့ အကုန်လုံးကအဖြူရောင်

“ငါဘယ်ရောက်နေတာလဲ ”

တခြားသူဘယ်သူမှာမရှိဘဲ တေဇတစ်ယောက်ထဲ ထိုင်နေသည်။အိမ်မက္များလား
တေဇ ရှိသမျှအားသုံးကာ အော်‌ေခါ်လိုက်သည်။

“တစ်ယောက်လောက်္မရှိကြဘူးလာ ”

ရင်ထဲပြည့်သိပ်လာတဲ့ ခံစားချက်နှင့်အတူ လှဲကျသွားသည်။»»

တေဇ မျက်လုံးဖွင့်လာတော့ ‌မှောင်မဲနေတဲ့ ပတ်၀န်းကျင်ကို ရင်ဆိုင်လိုက်ရပြီး ရင်တုန်နေကာ ချွေးများလည်းစိုရွဲနေသည်။

“ကိုပိုင် ....”

ဗိုက်ကြောင့် ဟိုဘက်ဒီဘက်ကလွယ်လွယ်က လှည့်လို့မရ
ထထိုင်ချင်သော်လည်း မထနိုင်။
မျက်နှာကျတ်ပြောင်ပြောင်ကို ဘဲကြည့်နေရင်း
၀မ်းနည်းစိတ်ကရင်ထဲ ပြည့်ကျပ်လာကာ အသံကျယ်ကြီး ထွက်ပြီး ငိုနေမိသည်။

အကြင်နာစစ်ရင်(အၾကင္နာစစ္ရင္)[Complete]Where stories live. Discover now