🐧 Chapter (2)🐧

28K 2.1K 63
                                    

Unicod ver

ဧည့်ခန်းထဲမှာ ဒူးပေါ်လက်တင်ကာ ခြေထောက်ကို တုတ်ထိုင်ပြီး
တေဇအရှေ့မှာ ထိုင်နေတဲ့ လူကြီးကြည့်လိုက်ပြီး
အကြောင်းတွေကုိသိထားတော့ပုိရှိန်နေသည်

ဘေးနားမှာတော့ အမေတို့ကလည်းတေဇကိုကြည့်နေသည်
အရမ်းယဉ်ကျေးစွာထိုင်နေတယ်မဟုတ်လား
စက္ကပိုင်က

"အချစ် ပြောစရာရှိတာပြောလေ"

ဒီအရွယ်ထိတစ်ခွန်းမကျန်ပြန်ပြောတက်တဲ့ပါးစပ်လေးက အခုသူရှေ့ကြစကားမထွက္လာတော့
ကြောတ်တာမဟုတ်ပါ အမေဆီဘဲ အသံထွက်လာသည်

"မောင်ရင်က ဘယ်သူလဲ ကွယ်"

"ဟုတ် အချစ်ကမပြောရသေးဘူးထင်တယ်
ရိုင်းပြမှုအတွက် တောင်းပန်ပါတယ် ခင်ဗျာ
အခုမှတွေ့ဖူးတာဆိုတော့ ကျွန်တော်ဘက်ကလည်းဘယ်ကစပြောရမလဲ မသိတော့ အချစ်ပြောတာစောင့်နေမိတာ"

*ဒီလူကြီး အမေရှေ့မှာ အချစ်တွေအသက်တွေနဲ့စကားကုိအေးဆေးပြောနိုင်တယ် အံဩပ*

"အန်တီဆီမှာ သမီးမရှိဘူးနော် မောင်ရင်"

စက္ကပိုင်ပြုံးရင်‌းနဲ့သာ

"ကျွန်တော်နာမည် စက္ကပိုင်ပါ အချစ်နဲ့ လက်ထက်ထားတဲ့သူပါ "

တေဇရဲ့ အကိုနှစ်ယောက်ကတော့ လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်သူတို့ကုမ္မဏီရဲ့ ရှယ်ယာအများ‌ဆုံး ကုမ္မဏီရဲ့ ပဲ့ကိုင်သူမဟုတ်လား အုပ်ချုပ်ရတဲ့ လုပ်ငန်းတွေကများတော့ ရှယ်ယာအများဆုံးဖြစ်သော်လည်း ကုမ္မဏီမှာ တစ်ခါမှတွေ့ဖူးတယ် မရှိ အခုတော့သူတို့ရှေ့မှာ ရောက်ချလာတယ် ပြီးတော့ လက်ထက်ထားတာ သူတို့မှာ မိန်းကလေးမရှိဘူး မဟုတ်လား

"လက်ထက်တာ မောင်ရင် အိမ်မှားနေတာလား
အန်တီမှာ သမီးမရှိဘူးလေ သားသုံးယောက် ရှိတာပါ "

"ဟုတ်ပါတယ် ကျွန်တော်နဲ့ လက်ထက်ထားတာက
တေဇဦးဆိုတဲ့ အန်တီက အငယ်ဆုံးနဲ့ပါ လွန့်ခဲ့တဲ့ သုံးလထဲ လက်ထက်ထားတာပါ ဒီမှာစာချုပ်ပါ"

အဆင်သင့်ပြင်လာသော စာရွက်ကိုစားပွဲပေါ်တင်လိူက်ပြီး

"ချက်ချင်းလာ
နူတ်ဆက်ချင်းပေ့မယ် အလုပ်ကိစ္စကလည်းရှုပ်နေတာမို့ နောက်ကျသွားပါတယ် ရိုင်းပြမှုအတွက်ခွင့်လွှတ်ပေးပါ "

အကြင်နာစစ်ရင်(အၾကင္နာစစ္ရင္)[Complete]Tahanan ng mga kuwento. Tumuklas ngayon