Part 26

1.7K 191 6
                                    

Zawgyi. ...

"ရိကျန့် ရိကျန့် ဝမ်ရိကျန့်"

ရိပေါ်တော်တော်စိတ်တိုနေသည် ၊ လွန်ခဲ့တဲ့မိနစ် နှစ်ဆယ်ကျော်ကတည်းက ရေချိုးဖို့ခေါ်နေတာကို ပတ်ပြေးနေတဲ့ရိကျန့်ကြောင့် သူ့ပါ အိမ်သေးသေးလေးထဲကိုလိုက်ပတ်ပြေးနေရသည်။ ရိကျန့်လေးက အဆော့တအားမက်ပါသည် ၊ တစ်ခါတလေစဉ်းစားဖြစ်တာ ကျန့်ကောနဲ့များတူလို့များလားလို့။

"ရိပေါ် သားလေးကို ကောလုပ်ပေးလိုက်မယ် ရိပေါ်အလုပ်သွားဖို့ပြင်တော့လေ"

"ကျန့်ကော ပင်ပန်းနေမှာဆိုးလို့ပါ"

ရှောင်းကျန့်မနက်စာပြင်ရင်းနဲ့ခေါင်းသာရမ်းမိတော့သည် ၊ အိမ်ရဲ့ဆည်းလည်းသံလေးက ရိပေါ်နဲ့သားလေးဖြစ်သည်၊ မနက်ဆိုရင် ဆူဆူညံညံအသံလေးထွက်လိုက်ရမှ ဝမ်ရိကျန့်တို့အိမ်ပီသတော့သည်။ အခုလည်း ဂျိုင်းပြတ်အဖြူလေးနဲ့ဘောင်းဘီအမဲရောင်အတိုလေးကို ဝတ်ပြီး သားလေးကိုရေချိုးပေးဖို့လိုက်ဖမ်းနေသည်တဲ့ တားလည်းမရ။

"ဖားတွေဖမ်းပေးမယ် "

ရိကျန့်လေးက ဖားလေးတွေရဲ့ပုံပန်းသဏ္ဍန်ကိုမသိဘဲနဲ့ဖားလေးတွေကိုချစ်သည် ၊ ရိပေါ်ကဖားလေးတွေဖမ်းပေးမယ်လို့ ပြောရင် ရိပေါ်လက်ကို ကိုယ်တိုင်ဆွဲပြီး ရေချိုးခန်းထဲကို ဝင်သွားတက်သည် ၊ ရေကန်ထဲမှာထည့်ထားတဲ့ ခဲလုံးလေးတွေက ရိပေါ်ပြောတဲ့ဖားဖြစ်ပြီး ရိကျန့်လေးသိတဲ့ဖားဖြစ်သည်။

"ဖား ဖား ရေ ရေ ချိုး "

"ဟုတ်ပြီ ဟုတ်ပြီ ငြိမ်ငြိမ်လေးထိုင်နေ မင်းဖားတွေကိုရေချိုးပေးမယ်။

ရေတွေကိုမပုတ်ထုတ်နဲ့လေ စိုကုန်ပြီ

ရိကျန့်ရေ ဝမ်ရိကျန့်ရေ ငါအာတွေပေါက်တော့မယ်"

ရိပေါ်က လက်တော့ကိုကြည့်ရင်းပဲ မနက်စာစားနေသည်၊ ရိပေါ်စားဖို့အတွက် ပေါင်မုန့်ကြက်ဥကြော်ကိုလေးထောင့်လေးတွေပိုင်းပြီးအပေါ်ကနေ နို့စမ်းဖြန်းပေးရတယ် ဘေးကနှပ်ထားတဲ့ကော်ဖီလေးက မပါမဖြစ်။

"ရိပေါ် ဒီညစောစောပြန်လာမှာလား ဖန်ရှင်းပြောတယ် ပရောဂျက်အသစ်တွက် ညဆိုင်းတွေဆင်းရမှာဆို"

Mercy (Crazy In Love)(COMPLETE)Where stories live. Discover now