Part 27

1.7K 178 6
                                    

Zawgyi. ...

ပန်းဥယျာဉ်လေးထဲကရောင်စုံပန်းတွေကို ပျားသေးသေးလေးတွေက ချိုမြိန်စွာ စုပ်ယူနေသည်။ ရိပေါ်ရဲ့အချစ်ပန်းဥယျာဉ်ကြီးကိုတော့ ရှောင်းကျန့်နဲ့ဝမ်ရိကျန့်လေးက အပိုင်သိမ်းထားသည်။

"ကော ဒီတစ်ခေါက်ရုံးပိတ်ရက်ကို ပါးကအိမ်လာခဲ့အုန်းတဲ့"

". ....."

"ကောမသွားချင်လည်းရတယ် ကျွန်တော်မအားဘူးလို့ငြင်းလိုက်မယ်"

"ကောမသွားချင်လို့မဟုတ်ပါဘူး မျက်နှာချင်းမဆိုင်ရဲလို့ ရိပေါ်ကို ကောလိုကလေးအဖေကအပိုင်ယူထား......"

ရှောင်းကျန့်ကိုယ်လေးကို ရိပေါ်ကဆွဲယူပြီး ရင်ခွင်ထဲထည့်လိုက်လိုက်သည် တင်းနေအောင်ဖက်ထားဖို့ကိုလည်းမမေ့။

"အဲစကားကို နောက်တစ်ခါမပြောနဲ့တော့ ကျန့်ကောကို ကျွန်တော်ချစ်လို့ လိုလိုလားလားလက်ခံထားတာ"

"ချစ်တယ် ရိပေါ်"

ရင်ခွင်ထဲမှာနေပြီး မျက်ရည်ရစ်ဝဲနေတဲ့ကောင်လေးနဲ့ လွတ်ထွက်မသွားအောင်ပြုံးပြုံးကြီးနဲ့တင်းနေအောင်ဖက်ထားတဲ့ကောင်လေးက လရောင်အောက်မှာ ဓူဝံကြယ်အလားလင်းထိန်နေသည်။

"ရိကျန့် ပါးကိုချစ်လား"

"ချစ်"

"ဘယ်လောက်ကြီးထိချစ်တာလည်း"

"များ ကြီး ချစ်"

"ဘယ်ထဲကချစ်တာလည်း..."

လက်သေးသေးနဲ့ဗိုက်ကို ပုတ်ပြနေတဲ့ကလေးလေးကို တုန်နေအောင်ချစ်ရပါသည်။ ရိကျန့်လေးက စကားသာဟုတ်တိပတ်တိမပြောတက်တာ ညဏ်ကတော့ တော်တော်ကောင်းသည်၊ ကျွန်တော်တို့ပြောသမျှကို နားလည်ပြီးအမူအရာလေးနဲ့ပြန်လုပ်ပြသည် ၊ တစ်ခါတုန်းက ကျန့်ကောက စိတ်ဆိုးပြီး ရိကျန့်လေးကို အော်လိုက်တာ ရိကျန့်က ကျွန်တော်ဆီပြေးလာပြီး ငိုပါလေရော ၊ ဘာဖြစ်လို့လည်း မေးလိုက်ရင် ကျန့်ကောကိုလက်ညိုးထိုးပြပြီး စိတ်ဆိုးတဲ့ပုံလုပ်ပြတယ် ပြီးရင် ကျွန်တော်လက်ကိုဆွဲပြီး ကျန့်ကောကိုချော့ခိုင်းသေးတယ်... လူတက်လေး။

^^

"ကျန့်ကော ကျွန်တော်ကိုချစ်လားဟင်"

Mercy (Crazy In Love)(COMPLETE)Hikayelerin yaşadığı yer. Şimdi keşfedin