Part 20

1.7K 220 20
                                        

Zawgyi. ...

တွန့်တွန့်လူးလာတဲ့ခန္ဓာကိုယ်လေးကြောင့် ရှောင်းကျန့်ကိုပိုတိုး၍ဖက်လိုက်သည်၊ ရင်ခွင်ထဲမှာအိပ်စက်နေတဲ့ရှောင်းကျန့်မျက်နှာလေးက အေးချမ်းမှူရှိလိုက်တာ ၊ နေရောင်ခြည်က ရင်ခွင်ထဲက အေးချမ်းမှူကို ထိုးနေတာမလို့ လက်ချောင်းတွေနဲ့ကာပေးထားမိသည်။နှစ်ဆယ့်ရှစ်နှစ်ပြည့်ထားတဲ့လူက အသက်ပိုကြီးမလာဘဲ ပိုငယ်သွားသလားတောင်အောက်မေ့ရသည် ကလေးလေးအတိုင်းပင်။

အီး.....

အပျင်းကြောဆန့်လိုက်တော့ မျက်နှာက တစ်ခုခုကိုရိုက်မိသွားသည် ၊ သားလေးကိုရိုက်မိတယ်အထင်နဲ့အမြန်ထလိုက်ပေ့မယ့် ရိုက်မိတဲ့သူက မင်းသားရိပေါ်ဖြစ်နေသည်။ အိပ်နေတဲ့ပုံလေးက လူကြီးဆန်လိုက်တာ နှူတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မျက်ခုံးတွေကို တွန့်ချိုးထားသည်။ အိပ်နေတာတောင်ဘာတွေအလိုမကျဖြစ်နေလည်းမသိ၊ တွန့်ချိုးနေတဲ့မျက်ခုံးတွေကိုဖြေပေးဖို့ လက်ကိုဖွဖွလေး နဖူးပေါ်တင်လိုက်သည် မနိုးသေးဘူး
ထိစပ်နေတဲ့မျက်ခုံးနှစ်ခုကြားနေရာယူတော့ မင်းသားရိပေါ်က လက်တွေကိုလာဆုပ်ကိုင်ပြီး သူ့မျက်နှာနားထိဆွဲချလိုက်သည်။

"ဟို ဟို ကျွန် ကျွန်တော် ...
သား သားလေးကောဟင်"

ကိုယ့်သားကိုအခုမှသတိရတယ်ထင်ပ့ လက်ကိုအတင်းရုန်းပြီး မေးနေသည်၊ တော်ပါသေးရဲ့မနေ့က ကလေးကိုဘေးပို့ပြီး သူကကြားထဲဝင်အိပ်တာမသိလို့ ၊ ကလေးကနိုးသွားလို့ချော့နေတုန်း အမတစ်ယောက်လာပြီး ခေါ်သွားတာနဲ့ပေးလိုက်တာ။

ဒရမ်မာကားက မီးပျက်သွားသလို့ တရှူးရှူးဖြစ်ပြီး ပြုံစိစိလုပ်ကာ အခန်းထဲဝင်လာကြသည် ။ စောင်ပုံတစ်ခုထဲမှာ ဆွဲလားရမ်းလားလုပ်နေတဲ့နှစ်ယောက်က အစ်မလီနဲ့ကျိုးချန်ကို မြင်ပုံမပေါ် ရှက်သွေးဖြာနေကြသည်။

"အဟမ်း...."

"အစ်မလီ ကျိုးချန် သားလေး"

စောင်ပုံထဲကထွက်လာပြီး ကလေးကိုအတင်းသွားချီပြီး ရင်ခွင်ထဲနစ်နေအောင်ထည့်ထားသည်၊ ကလေးအဲလောက်ချစ်တက်မှန်းမသိခဲ့ဘူး။

Mercy (Crazy In Love)(COMPLETE)Tempat cerita menjadi hidup. Temukan sekarang