<Unicode>
အိမ်နံပါတ်(302)..
တိတ်ဆိတ်တဲ့ပတ္ဝန်းကျင်အလယ်မှာရှိနေတဲ့အနည်းငယ်ကျယ်ဝန်းတဲ့ခြံလေးထဲကတစ်ထပ်တိုက်ပုလေး...ဒီနေရာလေးဟာဆိတ်ငြိမ်ရပ်ကွက်လို့ဆိုဖွယ်ရာရှိသည် တစ်ခြံနဲ့တစ်ခြံလည်းအတော်သင့်ခြားကြသည်။ထိုအပြာရောင်ခြယ်ထားတဲ့တစ်ထပ်တိုက်ပုလေးရဲ့ အိပ်ခန်းတစ်ခန်းထဲကနှစ်ယောက်အိပ်ကုတင်ကျယ်ပေါ်တွင်တစ်ယောက်နဲ့တစ်ယောက်ကြင်နာစွာပွေ့ဖက်ထားတဲ့ယောက်ျားသားနှစ်ယောက်။
အသွင်အပြင်ရပြောရရင်အသက်လတ်ပိုင်းရှိတဲ့ယောက်ျားသားတစ်ယောက်ရင်ခွင်ထဲခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကမြုပ်လို့ပေါ့...ရင်ခွင်ထဲကကောင်ငယ်လေးက အသက်လတ်ပိုင်းရှိတဲ့အမျိုးသားကိုဦးစွာစကားဆိုလိုက်တယ်။
"ဦး....ကလေးကိုချစ်လားဟင်"
ထိုအမျိုးသားကတုံ့ဆိုင်းခြင်းမရှိအဖြေကိုချက်ချင်းဆိုလာခဲ့တယ်။
"ချစ်တာပေါ့ကလေးရယ်...ဦးက ကလေးကိုအသက်ပေးရလောက်တဲ့ထိကိုချစ်တာ.."
အဲ့လိုဖြေတော့ရင်ခွင်ထဲကကောင်လေးကသဘောတကျရယ်နေလေရဲ့..
"ခိ..ခိ.."
"ဟေ့ရယ်မနေနဲ့...ပြောပါအုံး ကလေးကရောဦးကိုဘယ်လောက်ထိချစ်လဲ.."
"ကလေးကဦးကိုရူးလောက်တဲ့အထိကိုချစ်တာ..ဦးမရှိရင်ကလေးရူးသွားမလားမသိဘူး.."
ပြောရင်းရင်ခွင်ထဲကကောင်လေးကဝမ်းနည်းစွာမျက်ရည်လေးဝဲရင်းသူ့ကိုဖက်သွယ်ထားတဲ့အမျိုးသားကိုကြည့်တယ်။ဘာကြောင့်လဲဆိုတာတော့သူတို့နှစ်ဦးကအသိဆုံးဖြစ်မှာပါ။
"ဦးက ကလေးအနားမှာအမြဲရှိမယ်..တကယ်လို့ဦးမရှိခဲ့တော့ရင်တောင်ဦးအချစ်တွေက ကလေးနဲ့အတူရွင်သန်နေမှာ.."
"ဦး...ကလေးမကြိုက်ဘူး အဲ့လိုစကားတွေမပြောပါနဲ့.."
သူရှင်းပြလေရင်ခွင်ထဲက ကလေးငိုလေဖြစ်မည်စိုးတာကြောင့်...
"ဟုတ်ပြီ...ဟုတ်ပြီ..ငိုတော့မငိုလိုက်ပါနဲ့ ဦးမပြောတော့ဘူး.."
ပြောပြီးထိုကောင်ငယ်လေးနဖူးထက်ကြင်နာအနမ်းခြွေချမိသည်။အချိန်အတိုင်းတာတစ်ခုထိသူတို့နှစ်ယောက်ပျော်ရွှင်စွာချစ်စကားတွေဆိုလိုက်၊ရယ်မောနေကြလေရဲ့။ဘေးလူတွေသာမြင်ရင်သူတို့ပုံကိုအပူပင်ကင်းပြီး အရမ်းချစ်ကြတဲ့စုံတွဲလို့မြင်ကြမှာကျိန်းသေပင်။
YOU ARE READING
အိမ်နံပါတ်(302)...... အိမ္နံပါတ္(302)