<Unicode>
"ကလေး...ကလေး...."
"အင်း..ဟင်း..ဦးရောက်လာပြီလား.."
"အင်း..ရောက်လာပြီ ဒီလောက်ကိုယ်တွေပူနေတာကိုကလေးရာ ဘာလို့ဦးကိုဖုန်းမဆက်တာလဲ.."
ရှိန်းအခုကလေးအိမ်ရောက်နေခြင်းဖြစ်သည်။ရောက်ရောက်ချင်းအရင်လိုထွက်ကြိုနေကြအရိပ်လေးမမြင်လို့စိတ်ပူစွာလိုက်ရှာမိတော့ အခုကုတင်ပေါ်မှာဖြူဖျော့ဖျော့ပုံနဲ့လဲလျောင်းနေလေရဲ့..
"ဦးအခုလိုစိတ်ပူနေရမှာစိုးလို့ပေါ့.."
"ကလေးရာ.."
ရှိန်းဘာမှထပ်မပြောနိုင်တော့။
"ကလေးဘာစားထားသေးလဲ.."
"ဒေါ်ကြီးတို့မနက်ကလာပို့တဲ့ဆန်ပြုတ်သောက်ထားတယ်ဦးရဲ့.."
"ဆေးရော.."
"ဆေးတော့မသောက်ရသေးဘူး..ဟီး.."
"ရယ်မနေနဲ့အခုသောက်ရမယ်ထ ဒေါ်ကြီးတို့က ကလေးနေမကောင်းတာမသိဘူးလား ဘာလို့ပြန်သွားတာလဲ.."
"ကလေးပြန်ခိုင်းလိုက်တာပါ ဦးရဲ့ စံအိမ်မှာလည်းအလုပ်ရှိနေမှာစိုးလို့..."
"ဟင်း...ကလေးနဲ့တော့ခက်ပြီ..ရော့ ဒီဆေးလေးသောက်လိုက်ဦး.."
သွင်လည်းဦးပေးတဲ့ဆေးလေးသောက်ပြီးဦးကိုသာထိုင်ကြည့်နေမိတော့သည်။
"ဘာတွေဒီလောက်ကြည့်နေတာလဲ ကလေးရဲ့.."
"လွမ်းလို့.."
"ဟမ်.."
သွင် လက်ထဲကနာရီလေးတစ်ချက်ငုံ့ကြည့်လိုက်ပြီး။
"တစ်လ နှစ်ရက် ကိုးနာရီ မိနစ်နှစ်ဆယ် လေးဆယ့်နှစ်စက္ကန့် ဦးနဲ့မတွေ့ရတာ လွမ်းလို့ကြည့်နေမိတာ.."
"ကလေးရယ်..ဦး ဦးတောင်းပန်ပါတယ်.."
"ဟင့်အင်း...ဦးတောင်းပန်စရာမလိုပါဘူး ဦးမှာအလုပ်လည်းလုပ်ရသေးတယ် မိသားစုကိုလည်းပြန်ကြည့်နေရသေးတယ် အခုကလေးကိုလည်းလာတွေ့ရတာဦးပင်ပန်းနေရောပေါ့ ကလေးနားလည်ပါတယ်...."
ရှိန်း ကလေးစကားကြောင့်မျက်ရည်လည်မိသည်။အဲ့လောက်နားမလည်ပေးနဲ့ကလေး ဦးတကယ်ဆုပ်လည်းဆူးစားလဲရူးအခြေနေဖြစ်နေပြီ။ကလေးရဲ့အချစ်တွေ နားလည်ပေးမှုတွေကို ဦးဘယ်လိုပြန်ပေးဆပ်ရမလဲ။
YOU ARE READING
အိမ်နံပါတ်(302)...... အိမ္နံပါတ္(302)