<Unicode>
တဖြည်းဖြည်းနဲ့ရက်ကနေ လဆီသို့ကူးပြောင်းပြီးအချိန်တွေကုန်စပြုလာခဲ့ပြီ။ရှိန်းနဲ့ကလေးရဲ့ဆက်ဆံရေးက ဒီအတိုင်းပဲမပြတ်သားခဲ့ကြဘူး။ဟိုတခါကလေးမွေးနေ့ပြီးနောက်နေ့သွားပြီးထဲက ကလေးဆီမသွားဖြစ်တော့ဘူးလို့ပြောရမယ်။
နွေကလည်းသိနေပြီမို့အလိုက်ထိုက်နေရသလို ဆေးရုံမှာလည်းအလုပ်ကမပျက်ခဲ့ ကလေးနဲ့ VC ခေါ် ဖုန်းခေါ်ရုံလေးနဲ့ပဲအလွမ်းဖြေခဲ့ကြတာ။အဲ့လိုဆိုပြီးအချစ်တွေလျော့သွားခဲ့ပြီထင်နေလား ဟင့်အင်း ပိုပြီးလွမ်းသလို ပိုပြီးအားနာရပြီး ပိုပြီးအချစ်တွေတိုးလာခဲ့ရတာ။အရာအားလုံးမတည်ငြိမ်သေးပေမဲ့ တည်ငြိမ်နိုင်ဖို့ဆုံးဖြတ်ချက်တစ်ခုကို ရှိန်းကိုယ်တိုင်ချမှဖြစ်မယ်ဆိုတာလည်း ရှိန်းသိတယ်။
ဒီနေ့ရှိန်းမိဘတွေ ရှိန်းကိုခေါ်တွေ့ခဲ့တယ်။သေချာပါတယ် ရှိန်းနဲ့ကလေးအကြောင်းကိုသိသွားကြပြီ။ဒါမဲ့ရှိန်းအတပ်ပြောနိုင်တယ် ဒါနွေပြောပြတာလုံးဝမဟုတ်ဘူးဆိုတာ။နွေကအဲ့လိုမိန်းကလေးမျိုးလုံးဝမဟုတ်ဘူး။
မိဘတွေသိလို့ကလေးလက်ကိုဖြုတ်ချမယ်လို့ထင်နေရင်မှားသွားမှာပေါ့ ရှိန်းမိဘတွေလက်ထဲက ကလေးကိုရှိန်းအပြည့်ဝကာကွယ်နိုင်အောင်ဒီဇာတ်လမ်းမစခင်ထဲကရှိန်းပြင်ဆင်ခဲ့ပြီးသား။
ဒါမဲ့ရှိန်းမိဘတွေရဲ့နောက်ထပ်ပြောစကားကြောင့်ရှိန်းတုန်လှုပ်သွားခါဆုံးဖြတ်ချတစ်ခုခိုင်ခိုင်မာမာချခဲ့ရတယ်..ကလေးကိုမထိခိုက်စေဖို့ပေါ့..ရှိန်းမိဘတွေပြောတာက..
ငါတို့လက်ထဲက ကာကွယ်နိုင်ခဲ့ရင်တောင်ပတ်ဝန်းကျင်တစ်ခုလုံးကပုတ်ခတ်သံတွေကိုမင်းကာကွယ်ပေးနိုင်ပါ့မလား..
မင်းကအိမ်ထောင်သည်တစ်ယောက်မို့ ပြဿနာမရှိပေမဲ့ တစ်ဖက်က ကလေးကသူဒီဒဏ်တွေမခံနိုင်တော့လို့လောကကြီးကိုအရှုံးပေးသွားခဲ့ရင်မင်းဘယ်လိုဆက်လုပ်မှာလဲတဲ့...
ရှိန်းအဖေရဲ့ပြောစကားအဆုံးမှာ ရှိန်းတစ်ကိုယ်လုံးတောင့်တင်းပြီးအေးစက်သွားခဲ့တယ်။တစ်နေ့ဒီလိုဖြစ်မယ်သိပေမဲ့ အရာအားလုံးနှစ်ယောက်ပေါင်းပြီးသည်းခံနိုင်မှာပါလို့တွေးထားခဲ့ပေမဲ့ ကလေးမွေးနေ့တုန်းက ကလေးလက်ကဓားဒဏ်ရာတွေအကြောင်းတွေးမိတော့ ရှိန်းမွန်းကြပ်ရပြန်တယ်။ဓားနဲ့မွှန်းလို့သာပေါ့ နောက်တစ်ခေါက်ဓားနဲ့သာဖြတ်ခဲ့ရင် ရှိန်းသေရပါလိမ့်မယ်။
YOU ARE READING
အိမ်နံပါတ်(302)...... အိမ္နံပါတ္(302)