<Unicode>
ရှိန်း မနေ့က ကလေး ဆီမလာခဲ့နိုင်တာမို့ ဒီနေ့မနက်အစောကြီးကလေးဆီထွက်လာခဲ့တယ်။နွေ့ကိုမျက်နှာချင်းမဆိုင်ရဲတာကြောင့်လည်းပါပါလိမ့်မယ်။မနေ့အကြောင်းတွေးမိတာနဲ့သူအဘက်ဘက်ကနာကျင်ရပြန်ပါပြီ။
သူကြိုးစားမယ် အတတ်နိုင်ဆုံးသူ့ကိုချစ်တဲ့သူတွေရော၊သူချစ်တဲ့သူကိုရောမထိခိုက်အောင် အကောင်းဆုံးအဖြေတစ်ခုကိုတွေ့ဖို့အတွက် သူရူးမိုက်စွာမျှော်လင့်ပြီးကြိုးစားမယ်။ကလေးခြံရှေ့ရောက်တာနဲ့သူ့မှာရှိတဲ့သော့အပိုနဲ့ခြံတံခါးရောအိမ်တံခါးပါဖွင့်ပြီးဝင်လာခဲ့လိုက်သည်။ကလေးတော်တော်စိတ်ထိခိုက်ခဲ့မယ်ဆိုတာ သူအတပ်သိသည်။
အိမ်ထဲဝင်တော့ ကလေးကိုမတွေ့ မီးဖိုချောင်ခန်းထဲဝင်ကြည့်တော့စားပွဲပေါ်ကအရာမယွင်းသေးတဲ့မွေးနေ့ကိတ်လေးနဲ့ဖွယ်ဖွယ်ရာရာပြင်ဆင်ထားတဲ့ဟင်းပွဲလေးတွေက သူ့ကိုမျက်ရည်ကျစေသည်။
တောင်းပန်ပါတယ်ကလေးရယ်..
ဒီအချိန်သူ့ကလေးလေး အိပ်နေဦးမယ်ထင်ပါရဲ့။ရှိန်းလည်း ကလေးအခန်းဆီသို့သာဝင်သွားလိုက်သည်။တံခါးအဖွင့်မြင်လိုက်ရတဲ့မြင်ကွင်းက ရှိန်းရင်ဝကိုဆောင့်ကန်လိုက်သလိုပဲ။ကုတင်ပေါ်မှာဖြူလျော့စွာလဲလျောင်းနေတဲ့ကလေးငယ် အနားသွားကြည့်လိုက်တော့လက်ကောက်ဝတ်လေးတွေကိုဓားနဲ့မွှန်းထားတာက ရင်နာဖွယ်မြင်ကွင်းတစ်ခု။
ရှိန်း အမြန်ကလေးကိုပွေ့ယူလိုက်တော့ အပူငွေ့လေးရှိသေးတာတော်လျော့မည်။သူကိုယ်တိုင်ဆရာဝန်တစ်ယောက်ဖြစ်ပါရဲ့နဲ့သူ့မှာဘာပစ္စည်းမှမရှိသလို အခုသူ့စိတ်အခြေနေနဲ့ဘယ်လိုမှသူ ကလေးကိုကုနိုင်မယ်မထင် သူအမြန် အသိDr တစ်ယောက်အိမ်ခေါ်ပြီးကလေးအခြေနေကိုစစ်ဆေးခိုင်းလိုက်သည်။စိတ်ချရလောက်ပြီဆိုမှ Dr လည်းပြန်သွားသည်။
သူကလေး ကုတင်ဘေးလေးမှာကလေးလက်လေးထိုင်ပြီးမျက်ရည်တွေသာစီးကျနေမိခဲ့သည်။တခါမှဒီလိုမလုပ်ဖူးခဲ့တဲ့ကလေးက ဘယ်လောက်တောင်နာကျင်ခဲ့လို့အခုလိုထိလုပ်ရတာလဲ။
YOU ARE READING
အိမ်နံပါတ်(302)...... အိမ္နံပါတ္(302)