<Unicode>
နားထဲမှာကားဟွန်းတီးသံတွေဆူညံနေပြီး စကားပြောသံများစွာကြားနေတယ်။သွင် ကိုယ့်ကိုကိုယ်ငုံ့ကြည့်မိတော့ တံတောင်ဆစ်ကပွန်းပဲ့ရာနဲ့အတူခြေဆစ်လွဲသွားပုံရတယ်။
သွင်..သွင် ခုနကကားလမ်းကူးဖို့ပြင်ဆင်နေချိန် အရှိန်ပြင်းစွာဝင်ရောက်လာတဲ့ကား နောက်ပြီး ဦးရဲ့အော်သံ...
အခုသွင်ကဘာမှမဖြစ်သွားဘူးဆိုတော့.."ဦး..."
သွင်ကားလမ်းမပေါ်ပြန်ကြည့်လိုက်ချိန် ခုနကဝင်ရောက်လာတဲ့ကားနဲ့အလှမ်းဝေးတဲ့နေရာမှာလူတွေအုံနေခဲ့တယ်။လူကြားထဲကနေ သွင့် ဘက်သို့ငေးကြည့်နေတဲ့မျက်ဝန်းတစ်စုံ..
*ဟင့်အင်း...မဟုတ်ဘူးမလား ဦးမဟုတ်ဘူးမလားလို့..*
သွင်အဲ့နေရာကိုချက်ခြင်းသွားဖို့ပြင်လိုက်တော့ခြေထောက်ကထောက်မရ ဟင့်အင်း ဦးဆီသွားမှဖြစ်မယ်..ဘယ်လိုမှထောက်မရတဲ့အဆုံးသွင်လေးဘက်ထောက်သာပြေးသွားခဲ့တယ်။စိတ်ရောခန္ဓာကိုယ်ရော ဦးဆီသို့သာဦးတည်နေတာမို့ ခန္ဓာကိုယ်ကနာကျင်မှုကိုမခံစားနိုင်။
~ဟယ်...ဟိုမှာနောက်တစ်ယောက်ဒဏ်ရာရနေတာပဲ..ထူပေးလိုက်ကြပါဦးဟဲ့~
~သူ့ကိုကယ်ရင်းဟိုကောင်လေးတိုက်မိတာဖြစ်မှာ..~
~ဟဲ့ဟဲ့ဆေးရုံကားခေါ်ကြလေ..~
နားထဲမှာကြားနေရတဲ့အသံတွေဂရုမစိုက်နိုင်သွင်ဦးဆီသို့သာပြေးသွားနေမိတယ်။
"ညီလေး..ညီလေးဘယ်သွားမလို့လဲဒဏ်ရာ.."
"အဲ့နေရာ အဲ့နေရာကိုပို့ပေးပါကျေးဇူးပြုပြီးမြန်မြန်လေး.."
သွင့်ကိုလာထူပေးတဲ့သူတွေကိုလည်းဂရုမစိုက်နိုင်ဦးဆီကိုသာအမြန်ရောက်ဖို့စိတ်စောနေမိသည်။
"ဟမ်...အင်း..အင်း..လာ"
သွင့်ကိုတစ်ယောက်တစ်ဖက်ကူပြီးလူတွေအုံနေတဲ့နားအရောက်သွင်ဘေးကနှစ်ယောက်ရဲ့လက်ကိုဆွဲဖယ်လိုက်ပြီးလူကြားထဲတိုးဝင်ပြီးကြည့်မိတော့..သွေးအိုင်တွေကြားသွင့်ကိုပြုံးလျက်ငေးကြည့်နေတဲ့ ဦး..
ČTEŠ
အိမ်နံပါတ်(302)...... အိမ္နံပါတ္(302)