Episode 21

3.3K 187 9
                                    

Unicode... ...

သူ့ ရင်ခွင်ထဲ ခေါင်းလေးထဲတိုးကာ ဝင်လာပီး ၊ ကြောင်ပေါက်လေးလို နီးကပ်လာတယ့်မျက်နှာ
ကြောင့် ရှောင်းကျန့် အနမ်းပေးဖို့ ပြင်တော့လှေကား ပေါ် က တစ်ဒုန်း ဒုန်းနဲ့ဆင်းပြေးလာတယ့် ခြေသံတွေ ကြားရတယ်။

" Daddy! !Daddy Mommy သတိရ လာပီ "

____________

သမီးလေးရဲ့ Mommy သတိရလာပီဆိုတယ့်စကားကြောင့် လှေကားတွေကို အမြန်တက်လာမိသည်မှာ ဘယ်နှထစ်ကျော်တက်လာမိမှန်းမသိတော့။

နီးကပ်လာတယ့် တံခါးချပ် တွေနဲ့ ခြေလှမ်း တွေကို အရှိန်လျော့တော့ တစ်တီတီမြည်ကာ တွန့်ချိုးနေတယ့် လှိုင်းခုံးလေးတွေ။

သိပ်သဘောကျရတယ့် လက်ချောင်းတွေနဲ့ နူးညံပျော့ပျောင်းနေတယ့် ခပ်တိုးတိုးအသံငယ် ၊ မိနစ်အနည်းငယ်အကြာ စိုက်ကြည့်ရာမှ လေ ပေါ် ကို အနည်းငယ် မြှောက်တက်လာတယ့် လက်ချောင်းတွေကြောင့် အနားတိုးကာသွားတော့
လက်ဖဝါး ပေါ် ကို မျက်ရည်စက်က ခုန်ဆင်းတယ်။

" အား....ကျန့် "

သတိရကာစမို့အားမရှိတယ့် ခန္နာကိုယ် ကို အသာထူကာ ကျဲက ထဖို့ပြင်တယ်။

" ကျဲ...... "

". ..........."

" ကျဲ ၊ တောင်းပန် ပါတယ် "

" ......... "

" အားကျန့်.......ပင်ပန်းသွားပီ "

သိပ်ချစ်ရတယ့် အမ ဖြစ်သူ ပြန်ထလာရင် သေချာပေါက် ငိုနေမှာစိုးတာကြောင့် မငိုဖို့ ပြင်ပေမဲ့နောက်ကျောထက်ကို ဖက်တွယ်လာတယ့် လက်ချောင်းတွေကြောင့်တင်းတင်းကျပ်ကျပ်ဖက်ကာ ငိုမိတယ်။

" ကျွန်တော်....... "

". ..........."

" ကျွန်တော်တောင်းပန်ပါတယ် ကျဲ Sob "

". ..........."

" ပီးတော့ အခု အဆင်ပြေသွားပါပီ "

". ...... . . "

" ဟီနန် လေးလည်း ကျွန်တော် နဲ့အတူရှိနေတာမလို့ အကုန်အဆင်ပြေသွားပါပီ Sob "

". ..........."

သူအပြောကို သဘောပေါက်သည့်အလား ကျဲက ခေါင်းလေးငြိမ့်ကာ လက်ဖဝါးတွေဆုပ်ကိုင်လာတယ်။

Daddy's LaowangWhere stories live. Discover now