Episode 8

2.3K 275 36
                                    

Unicode. ........

အကိုကြိုက်သလောက်ဆိုးပါစေ။
_____________

မတိုးမလျော့အဲယားကွန်းအောက်မှာ သူလက်ကို ကိုင်ကာလက်ချောင်းလေးတွေ နဲပွတ်ဆွဲနေတယ့်အကိုကို လျစ်လျူ ရှုထားလိုက်ပီး အရှေ့ကိုကြည့်နေလိုက်တယ်။

အတန်းထဲမှာ လက်ကိုင်ဖို့ အတွက် book box နားမှာ လာရပ်ခိုင်းတာကို တွေးမိတော့ ရီပေါ် ကအနည်းငယ်ရှက်လာတယ်၊ အခုက အတန်းထဲမှာလေ။

မဝံ့မရဲနဲ့စိတ်နဲ့ အကို့ကို လှမ်းကြည့်လိုက်တော့ ညတုန်း ကနဲ့မတူစွာ အကို မျက်နှာကအနည်းငယ် ယောင်ကိုင်းနေတယ်။
စိုးရိမ်နေတယ့်စိတ်ကြောင့်မျက်နှာနားလက်လှမ်းမိတော့ အကိုက ကျန်တယ့်လက်တစ်ဖက်ကိုပါအသာအယာကိုင်ကာ သူရှေ့ခုံက ရေဘူးကို မှောက်ချလိုက်တယ်။

" အိုက်ယိုး ရေဘူးကျသွားပီပဲ "

အကိုဘာလုပ်ချင်နေတာမှန်းမသိပေမဲ့တစ်ခုခုကြံစည်နေတာတော့သိလိုက်တယ်။

" ဘာမှမဟုတ်ဘူး ၊ ဆက်ဖြေ ဆက်ဖြေ "

အကိုရဲ့ အသံကြောင့် Tuto ဖြေဆိုနေတယ့်ကျောင်းသား၊ ကျောင်းသူလေးတွေက နောက်ကို လှည့်ကြည့်လာတယ်။

" ကျောင်းသားဝမ်ရိ ပေါ် ရေတွေမှောက်ကျသွားမို့
ကူသုတ်ပေးနိုင်မလား "

ပြန်လည်ဖြေကြားချက်ကိုနားမထောင်ပဲ လော်ကာတံခါး
ဖွင့်ကာ အဝတ်စုတ်သွားယူနေတယ့်အကိုက တကယ်ပဲ
ညဏ်များလွန်းလှတယ်။

အဝတ်စုတ်လက်ထဲပေးကာ သူပါအတူတူထိုင်ချလိုက်တယ့်အကိုကြောင့် ရီပေါ် က အနည်းငယ်အံ့သြော်သွားတယ်၊ အဝတ်တစ်ခုကို နှစ်ယောက်သုတ်ဖို့များလား။

သူကိုကြည့်ကာအဝတ်စကို လှမ်းတောင်းနေတယ်အကိုကြောင့်အဝတ်လှမ်းပေးတော့ မတ်တပ်ရက်ကာ သူရှေ့မှာ ထိုင်ချတယ်။

အတန်းရဲ့ခုံအောက်နားမှာနီးကပ်လှတယ့်မျက်နှာနှစ်ခု
ကြောင့်ထဖို့ပြင်တော့အကိုကသူခါးကိုဆွဲကာခပ်တိုးတိုးမေးလာတယ်။

" အိမ်စာ ဘာလို့မလုပ်လာတာလည်း"

မျက်ခုံးလေးပင့်ကာမေးလာတယ်အကိုက ဘာကြောင့်အိမ်စာမလုပ်ခဲ့တာကိုသိရဲ့သားနဲ့ မသိသည့်အလားမေးနေပြန်တယ်။

Daddy's LaowangWhere stories live. Discover now