Episode 22

2.6K 108 20
                                    

Unicode.........

Contact ပေါ် က နံပါတ်ကြောင့် တစ်ပတ်လုံးပျော်လာခဲ့တယ့်အပျော်က ရုတ်တရတ် ရပ်တန့်သွားသလိိုခံစားရတယ် ။

မေ့ဖျောက်ထားတယ့် ကိစ္စ က ရှောင်ပြေးဖို့ကို ရွေးချယ်ထားတယ့် အခွင့်အလမ်းမရှိတာကြောင့်သက်ပြင်းအနည်းငယ်ချကာ ဖုန်းကိုင်လိုက်တယ်။

ဒီလိုနေ့ မျိူးတစ်နေ့နေ့ရောက်လာမယ်ဆိုတာသူသိပီးသားလေ။

" Hello! My Son "

မနူးညံ့သော်လည်း အနည်းငယ် ခက်ထန်နေသော ဝမ်သခင်ကြီး အသံကြောင့် ရီပေါ် ကအနည်းငယ်တုန်လှုပ်မိသွားတယ်။

" ဟုတ်ကဲ့ Daddy  "

" မင်း အခုဘယ်မှာလဲ "

" ဟောက်ရွှမ်း တို့အိမ်မှာပါ ပါး "

" ဝမ်ရီပေါ် မင်း ငါကို လိမ်ဖို့ လုပ်နေတာလား"

ရုတ်တရက် ပေါ် ထွက်လာတယ့် ပါးရဲ့ဒေါသသံကြောင့် ရီပေါ် လက်သီးအသာလေးသုပ်မိတယ်။

မဟုတ်မှလွဲရော  ကိုကို နဲ့ သူအကြောင်းကို ပါးသိသွားတာများလား။

" မဟုတ်.... မဟုတ်ပါဘူး ပါး
ကျွန်တော် တကယ် ဟောက်ရွှမ်းတို့စီမှာပါ "

" မင်းကို လော့ရှန်းက ဟိုတစ်လောက Bar မှာတွေ့တယ်လို့ ပြောတယ် "

"............"

" ငါမေးတာဖြေလေ မင်းဘာတွေ စောက်ဇယားခင်းနေတာလဲ"

ပါးရဲ့ လေသံအနေအထားအရ ရီပေါ် အိမ်မှာမရှိတာကို လော့ရှန်း ချွန်းထိုး လုပ်လိုက်ပီးမှန်းသိရတယ်။

" အဲ့ဒီနေ့က မင် Group က ရှယ်ယာ ရှင်တွေနဲ့ သွားတွေ့တာပါ ပါး"

"............."

" ပါး မယုံရင် လေးဟန်ကို မေးပီးအတည်ပြုလို့ရပါတယ်။ "

"............."

"............"

".............."

" အေး လိမ်ပြောလို့ကတော့ ငါ့အဆိုး
မဆိုနဲ့ "

" ဟုတ်ကဲ့ပါ ပါး "

သူရဲ့ အဖြေကို နားထောင်နေတဲ့ ပါးက တစ်ချက် တွေဝေသွားတဲ့ပုံနဲ့ ခနအကြာမှ စကား ဆက်လာတယ်။

Daddy's LaowangWhere stories live. Discover now