Episode 11

1.9K 207 7
                                    

Unicode. ........

ကုတင်ပေါ်က  ဖုန်းသံလေးက လော့ယန်းမြို့ရဲ့ဆောင်းဦးလိုပဲ  တိုးတိတ်စွာထွက် ပေါ် လာတယ်။

ကျိန်းစပ်နေတယ့်မျက်လုံးကိုအသာဖွင့်လို့ ကုတင်ပေါ်မှထကာ အခန်းတွင်းဝေ့ဝဲလိုက်တော့ ကော်ဇော် ပေါ် မှာစာအုပ်တွေနဲ့ ရှုပ်ပွနေတယ်။

ချောက် ကပ်နေတယ့်အာခေါင်အတွက်ရေအနည်းငယ်သောက်လိုက်ပီး ရှုပ်ပွနေတယ့်အခန်းကိုပြင်ဖို့လုပ်ရတယ်။

အချိန်တော်တော်ကြာအခန်းရှင်းလင်းမှုအပြီးမှာ မနေ့ကအကြောင်းအရာတွေကိုပြန်စဥ်းစားရတယ်။မနေ့က သူနဲ့ပါးစကားများ
ခဲ့ကြတယ်။

ဘယ်ဂျောင်ကနေမှန်းမသိ ခေါ် လာတယ့် Suit အပြည့်နဲ့ထိုလူက သူအကိုတယ့်လေ။

သူထက်အသက်  ၉နှစ်လောက် ကြီးနေတယ့်ထိုလူသာ သူအကိုအမှန်ဆို မားနဲ့လက်မထပ်ခင်ထဲက ပါးကဖောက်ပြန်နေခဲ့တာလား။

တရိပ်ရိပ်ထွက်လာတယ့် ဒေါသတွေကြောင့် ဘေးနားက ဖန်ပုလင်းကိုခွဲလိုက်မိတယ်၊ တကယ်ပဲ လုပ်ရက်လိုက်တယ်။

သူတို့သားအမိဆိုဘယ်တော့မှ ကြင်ကြင်နာနာ မရှိတယ့် ပါးက အာဏာတွေကြောင့် လူကြီးဆန်မှုတွေနဲ့အလုပ်တွေနဲ့တစ်ဖက်မို့သူတို့ကို အချိန်ပေးနိုင်ဘူးထင်ခဲ့တယ်။

အခုတော့ မားမဟုတ်တယ့် မိန်းမတစ်ယောက် ကို အိမ်ပေါ် ခေါ် တင်တယ့်အပြင် ရလာတယ့်သားကလည်း အမျိူးသား တစ်ယောက် နဲ့အိမ်ထောင်ကျနေသည်လေ။

" ရီပေါ် "

တုန်လှုပ်နေတယ့်အသံနဲ့ သူအနားကို အပြေးလာနေတယ့်လေးဟန်ကြောင့် တံခါးကို ဆက်ခနဲ ဆွဲပိတ်လိုက်ပီး ကျောပေးကာထိုင်နေမိတယ်။

" ရီပေါ် "

". ............"

" ရီပေါ် ၊ မဟုတ်တာတွေ လျှောက်မလုပ်ရဘူးနော်"

တစ်ဒုန်းဒုန်းနဲ့တံခါးထုနေသံက သူကိုအတော်လေးစိတ်ပူကြောင်းရည်ညွှန်းပြတယ်။

" လေးဟန် "

ငိုချင်ပေမဲ့တိုးတိတ်လှတယ့် မျက်ရည်တွေကြောင့်နှုတ်ခမ်းကိုဖိကိုက်ထားမိတယ်။

Daddy's LaowangWhere stories live. Discover now