Episode 14

1.8K 177 9
                                    

Unicode. .......

" သစ်ပင်တွေရဲ့ များပြားလှတယ့် တောထဲကို သွားပီး ပင်လယ်ရဲ့ ဟိုအောက်ဆုံး အထိမင်းနဲ့အတူစွန့်စားချင်တယ် "

Aurora Felit ရဲ့ Description စာအုပ်ကို လေး
ထောင့်ကျကျ ဘောင်လေးထဲ ထည့်ကာ ရှောင်းကျန့်ကချာတိတ် ကိုစာဖတ်ပြနေတယ်။

ပျင်းတိပျင်းဖွယ် ညနေ့ခင်းတွေမှာ အလုပ်ကပင်ပန့်းလာလည်း ကျောင်းပိတ်ထားလို့ပျင်းနေတယ့် အချစ်ကြောင့် အရေးမပါတယ့်စာ လေးတွေကို ဖတ်ပြ ဖြစ်တယ်။

" ပင်လယ်ရဲ့ဟိုအောက်ဆုံးမှာဆိုရင် ကျွန်တော် တို့တစ်ယောက်နဲ့တစ်ယောက်မြင်ရမယ်လို့ အကို ထင်လား "

ကြယ်ကလေးလို မျက်လုံးဝိုင်းလေးနဲ့ ရေခဲမုန့် တစ်မြုံမြုံစားနေတယ့်ကောင်လေးက ရှောင်းကျန့် နောက်ကျောမှာ ကိုယ်လေးမှီရင်းမေးလာတယ်။

" အချစ် သာ ကိုယ့်အနားအမြဲ ရှိနေမယ်ဆိုရင်ပေါ့ "

နီညိုရောင်စပ်ကြား လေးကို အတွင်း အဖြူဝတ် လေးနဲ့ ဝတ်လာတယ့်အကိုက ခါတိုင်း Suit တွေနဲ့ မြင်ရတာထက်ပိုမို ချောလာသည်။

" အကို အလုပ်မှာ အဆင်ပြေလား "

ရေခဲမုန် ကိုတစ်မြုံမြုံ စားနေပီး သူကို ကျောပေးထားတယ့်ကောင်လေး ရှောင်းကျန့်ဘက်ကို လှည့်ကာမေးလာသည်။

" ဒီလိုပါပဲ ၊ အခုတစ်လော ရှယ်ယာရှင်တွေက ကိုယ့်ကို ဆန့်ကျင်ချင်နေတယ် "

သက်ပြင်းအသာချလို့ သူကို ဖျော့တော့စွာပြုံးပြနေတယ့်ရှောင်းကျန့် က သူအတွက်ကြောင့် Company မှာအလုပ်ဝင်နေသည်လေ။

ပင်ပန်းနေတယ့်အကိုရဲ့ မျက်နှာကို လက်ချောင်းလေးတွေနဲ့အသာထိတွေ့လိုက်ပီး နူဖူးထက် ၌
အနမ်းခပ်ဖွဖွပေးလိုက်တယ်။

" အကို အရမ်း ပင်ပန်း နေရင် အချစ် ကိုပြောနော် "

ကလေးတစ်ယောက်လို ခေါင်းတွေ တစ်ဖြည်းဖြည်းငြိမ့်နေတယ့်အကိုက စာအုပ်လေးချလို့သူလက် ဆွဲကာ ဘုရားကျောင်းဘက်ဆီကို လမ်းလျှောက်လာတယ်။

" အချစ် "

". ............."

" ကိုယ်တို့ လက်ထပ်ကြရအောင် "

Daddy's LaowangWhere stories live. Discover now