အပိုင်း ၁၁

2.9K 294 0
                                    

II Zawgyi II

" သူတို့တွေဘဲ့ "

ဝေ့ရင်း အဝေးကနေမြင်လိုက်ရတဲ့ မျက်လုံးနီနီတွေကိုမှေးစဉ်းကြည့်လိုက်တယ်။ထိုအချိန်ကျယ်လောင်လှတဲ့ အသံတစ်ခု

"တွေပြီဘဲ့ တွေ့ပြီဘဲ့ ဟားဟားဟား "

ထိုနောက်အရပ်လေးမျက်နှာကနေ​ခြေသံတွေထွက်လာခဲ့တယ်။ လေပြင်းတွေကလည်း အဆက်မပျက်တိုက်ခိုက်လာတာကြောင့် မြူခိုးတွေလွင့်သွားကြပြီး မြင်ကွင်းကိုရှင်းလင်းစွာမြင်လိုက်ရတယ်။ ထိုခြေသံတွေက နှလုံးခုန်နှုန်းမရှိတော့တဲ့ လူသေတွေ၊ သူတို့ကိုယ်မှာသွေးတွေ အသားစတွေပဲ့ထွက်နေပြီး တစ်ရွေ့ရွေ့နဲ့လျှောက်လာကြတယ်။

" ကောင်းလိုက်တာ ငါတို့နောက်ကလိုက်နေတဲ့လူတစ်ချို့က အသေကောင်တွေတဲ့ အော့ "

ဝေ့ရင်း တစ်ယောက်ပြောရင်း အန်ချင်တဲ့ပုံလေးလုပ်လိုက်တယ်။ ထိုနောက်မြေခွေးအုပ်စုကို ဦး​ဆောင်လာတဲ့ ဝမ်မျိုးနွယ်ရဲ့ပထမသခင်​လေး ဝမ်ရွှီ က

"အပိုတွေလုပ်မနေနဲ့ မင်းတို့မြေပုံဘယ်နားရှိတာလဲဆိုတာသိမှာဘဲ့ ရှာစမ်း "

စိတ်မကောင်းစွာနဲ့ ဝမ်ရွှီပြောတဲ့ မြေပုံကိုလန်ကျန့်ရော ဝေ့ရင်းရောမသိချေ။သူတို့စစ်အေးပြွဲဖစ်နေတုန်း တစ်ဖက်ကဓားသံတွေနဲ့ ကျန်းချန်ရဲ့ဆဲဆိုသံတွေထွက်လာတယ်။ ကြည့်ရတာသူတို့လူသေကောင်တွေနဲ့ တိုက်ခိုက်နေတဲ့ပုံပင် ။ ဝေ့ရင်းက မြေပုံဆိုတာကိုသိတဲ့ပုံနဲ့ရမ်းသန်းပြီး လျှောက်ပြောလိုက်တယ်။

"မြေပုံ ဪ ငါတို့မြေပုံကိုလာယူတာ မင်းတို့အရင်ရောက်ပြီး မြို့ကိုတောင်ပျက်ဆီးအောင်လုပ်ခဲ့သေးတယ်။ နောက်ပြီးလူတွေကိုလည်း ဖုတ် ကောင်တွေအဖြစ်ပြောင်းထားသေးတယ် ဒါမဲ့မြေပုံလေးကိုတောင်အခုထိရှာမတွေ့သေးဘူး ညံလိုက်တာ ဖွီး..."

ဝမ်ရွှီဒေါသထွက်လာပြီး

"ဝေ့ရင်း မင်းတစ်နေ့ငါ့လက်အောက်ရောက်လာရင် ထလို့မရအောင်လုပ်သတ်မယ် အား.....!!!"

ဝမ်ရွှီ ပြောလို့မပြီးခင် အပြာရောင်အလင်းဓါးတစ်ချောင်း သူ့ရင်ဘက်တည့်တည့်ကို ရောက်လာတာမို့အမြန်ရှောင်လိုက်တာတောင် လက်မောင်းကိုခပ်နက်နက်ဖြတ်သွားမိသေးသည်။ ဝမ်ရွှီကလန်ကျန့်ကို မျက်လုံးနီကြီးနဲ့ကြည့်ပြီး

မြေခွေးမိစ္ဆာလေး၏ဧကရာဇ်(Complete)Where stories live. Discover now