အပိုင်း ၁၆

2.5K 259 1
                                    

|| Zawgyi ||

" ကျိ..ကျိ...." ( ငှက်အော်သံ)

နှင်းတောင်ခြေရောက်တာနဲ့ အေးစိမ့်မှုကိုခံစားလာရတယ်။ တောင်ခြေမှာသစ်ပင်အချို့စိမ်းစိုနေပေမဲ့ နည်းနည်းမြင့်တတ်လာတာနဲ့ နှင်းစက်တွေရှိနေတဲ့ သစ်ပင်အဖြူတွေအဖြစ်ပြောင်းလဲလာတယ်။ ဆောင်းရာသီမဟုတ်ပေမဲ့ နှစ်တိုင်းအေးခဲနေတဲ့နေရာမို့ အအေးကြိုက်တဲ့ငှက်တွေနဲ့ ဆောင်းခိုငှက်အများစု နေထိုင်ကျက်စားကြတယ်။

"ဘယ်လမ်းကတတ်ရမှာလဲ "

သူတို့အားလုံးပြိုင်တာငြီးလိုက်ကြတယ်။ မြေပုံမှာကနှင်းတောင်ကိုတတ်ဖို့လမ်းလေးပြထားပေမဲ့ တကယ့်တောင်ခြေရောက်တော့လမ်းကရှိမနေချေ...လန်ကျန့်က

" ဒီနေရာပုံက ထူးဆန်းနေတယ်။... "

ပြောရင်းကျောက်တုံးတစ်တုံးကို ကြည့်နေတာမို့ တခြားသူတွေလည်း လာကြည့်ကြတယ်။ ကျင်းလင်က

" ဒါအမှတ်အသားတစ်ခုလိုဘဲ့....ဒါမှမဟုတ်လျှိ့ဝှက်အပေါက်များဖြစ်နေမလား "

"ဝါး....,ဝိုး..... "

ဝေ့ရင်းနဲ့ကျန်းချန်လည်း ထောက်ခံသည့်သဘောနဲ့ အရှေ့တက်လာပြီး ဝေ့ရင်းက

"နှိပ်ကြည့်...."

ကျောက်တုံးကြီးကို မြေခွေးလေးသုံးကောင်က ဟိုတွန်းဒီတွန်းနဲ့ အလုပ်ရှုပ်နေကြတယ်။ သူတို့ကိုလန်ကျန့်နဲ့ စစ်ကျွေးမှာထူးထူးဆန်းဆန်းကြည့်နေကြတယ်။ ဝေ့ရင်းကလန်ကျန့် ရဲ့အကြည့်တွေကြောင့်

" ဝေး....လန်ကျန့် မကူညီရင်နေပါလား... ဘာလို့လာလှောင်နေတာလဲ "

လန်ကျန့် ဝေ့ရင်းလေးနဘေးပြေးသွားကာ

"ကိုယ်ကတွေးကြည့်နေတာပါကွာ... အဟင်...ကိုယ်လုပ်ကြည့်မယ်။ "

လန်ကျန့်ကျောက်တုံးကြီးရဲ့ ထူးဆန်းတဲ့အမှတ်အသားကြီးကို တစ်ချက်စေ့စေ့ကြည့်ပြီး သူ့ရဲ့လက်စွဲဓားပိချန်ကိုထုတ်ပြီး အဲ့ဒီစာလုံးကြီးရဲ့ရေးဆွဲထားတဲ့ အကြောင်းအရာလေးထဲကိုစိုက်သွင်းလိုက်တယ်။

"ဝုန်း......"

တောင်ခြေတစ်ခုလုံးတုန်ဟီးလာပြီး ပထဝီမြေကြီးကလည်း လှုပ်ခါလာတယ်။ ဝေ့ရင်းကလန်ကျန့် လက်ကိုဆွဲလိုက်ပြီး

မြေခွေးမိစ္ဆာလေး၏ဧကရာဇ်(Complete)Where stories live. Discover now