အပိုင်း ၁

6.3K 498 8
                                    

ll Zawgyi ll

" အရှင်မင်းကြီး အရှေ့ကတောင်ကမြေခွေးမိစ္ဆာတို့ ပိုက်နက်လုပ်ထားတဲ့တောင်ပါ..."

လန်ကျန့် တောင်ခြေကိုမရောက်ခင် သူ့နဘေးကကိုယ်ရံတော်လေး စစ်ကျွေးကို..

" စစ်ကျွေး မင်းပြောကြည့် မြေခွေးမိစ္ဆာတွေကဘာလို့ပေါ်လာတာလဲလို့..."

"ဟုတ်ကဲ့ ကျွန်တော်ထင်တာကတော့ တချို့ကျမ်းစာတွေ စာပေတွေမှာ ဖတ်ဖိုးတာက မြေခွေးမိစ္ဆာတွေက သူတို့စွမ်းအားနဲ့အမြူ တေကိုပိုအားကောင်းဖို့နဲ့ သူတို့ရဲ့အလှအပ အတွက်ကာမဆက်ဆံပြီး ရယူကြတယ်တဲ့ "

လန်ကျန့် ရဲ့ခြေလှမ်းတွေက မနှေးလွန်း၊မမြန်လွန်းဘဲ တဖြည်းဖြည်းတောင်ဘက်ကိုလှမ်းလျှောက်နေရင်း စစ်ကျွေး စကားကိုထောက်ခံတဲ့အနေနဲ့ ခေါင်းတချက်ညိတ်ပြီး

"ကျန်သေးတယ် သူတို့ကအနည်းဆုံးတပတ်မှာ  ခုနစ်ရက် လောက်ကာမစိတ်မကြွဘဲမနေနိုင်ဘူး.... "

စစ်ကျွေးမှာ သူ့ရဲ့အရှင်မင်းကြီးစကားကြောင့် ခဏတာမျှကြောင်အစွာ အနောက်မှာရပ်လျက်ကျန်ခဲ့သည်။

** တပတ်မှာ ခုနစ်ရက်.... ခုနစ်ရက်ကတပတ်ပဲမဟုတ်လား....**

တောင်ခြေကိုရောက်လာတော့ ထူးခြားတဲ့ရနံတမျိုးကိုသိသိသာသာ ရူမိလိုက်ကြတယ်။ဒီအနံက သာမန်လူတွေကိုမူးဝေယစ်မူး သွားစေပေမဲ့ လန်ကျန့်နဲ့ စစ်ကျွေးမှာ အဆင့်မြင့်သိုင်းပညာရှင်များဖြစ်တာကြောင့် အနည်းငယ်မူးဝေသွားရုံအပြင် ဘာမှမဖြစ်ချေ။

"အရှင်မင်းကြီး...."

"သူတို့ပိုင်နက်ထဲမှာ သိသာတဲ့အခေါ်အဝေါတွေ မသုံးနဲ့"

စစ်ကျွေး ခေါင်းငုံပြပြီး...

" ကျွင်း... (လန်ကျန့်ရဲ့ ဘွဲ့နာမည် ဟန်ကွမ်းကျွင်းကကျွင်းပါ) "

"အင်း...အာရုံစိုက်ထား..."

တောင်ဘက်ကိုရောက်လာပြီး တောင်ရဲ့အလယ်နားကိုရောက်လာတဲ့အထိ အနံတွေကပြင်လွဲပြီးတခြားလှုပ်ရှားမှုမရှိချေ။တခဏမျှအကြာမှာ သစ်တောထဲကကြားရတဲ့ တချုပ်ချုပ်နဲ့ သစ်ပင်တွေအချင်းချင်းပွတ်တိုက်သံတွေကြားလာတယ် .....

မြေခွေးမိစ္ဆာလေး၏ဧကရာဇ်(Complete)Donde viven las historias. Descúbrelo ahora