အပိုင်း ၉

3.3K 323 2
                                    

Il Zawgyi ll

မနက်စောစောကျန်းချန် တစ်ယောက်အော်ဟစ်ပြီး လန်ဟွမ့် ရဲ့အခန်းကနေပြေးထွက်လာတယ်။

" ကျွန်တော် သွားတော့မှာ..... မလိုက်နဲ့ခင်ဗျား.... "

"အားချန် ကိုယ်ကမင်းနဲ့အဖော်ပြုပေးရုံဘဲ့လေ.... "

လန်ဟွမ့် ကလည်းအနောက်ကနေပြေးလိုက်လာတယ်။ ကျန်းချန်ခမျာ ကြောက်လန့်တကြားပြေးရင်းနဲ့အော်ပြောနေရှာတယ်။

" ခင်ဗျားကလန်ခေါင်းဆောင်လေ ခေါင်းဆောင်တစ်ယောက်ကလျှောက်သွားနေ နေမှာလား ဟေ့လူ... အရား.."

ပြောရင်းခြေခေါက်လဲကာ မြေပြင်ပေါ်ဖင်ထိုင်ရပ်ကျသွားတော့တယ်။ လန်ဟွမ့် လေလိုအလျင်နဲ့ ပွေ့ချီလိုက်ပြီး

"ကိုယ်ပြောသားဘဲ့ ကြည့်ပါလား တစ်ယောက်ထဲသွားရင် ဒဏ်ရာတွေရမယ် "

ပြောရင်းကျန်းချန် ခေါင်းလေးပုတ်လိုက် ကျောလေးပုတ်လိုက် အော် ဖင်ပုတ်တာလဲပါသေးသည်။ ဒါကြောင့်ကျန်းချန် လန်ဟွမ့် အနားမကပ်ရဲတာပင် ။ ကျန်းချန်မကျေမနပ်ဖြစ်နေတုန်း ကိုယ်ရံတော်ကြီးစစ်ကျွေးနဲ့ ကျင်းလင်တို့လာတယ်။ ကြည့်ရတာသူတို့တော်တော်အဆင်ပြေနေပုံပင်

"ကျန်းချန် မင်းကိုလန်ခေါင်းဆောင်ကြီးက သိပ်ချစ်တာဘဲ့နော်...ဟီးဟီး "

ချီထားတာကြောင့် ကျန်းချန် အမြန်ရုန်းပြီးအောက်ဆင်းပြေးတော့တယ်။ စစ်ကျွေးက လန်ဟွမ့် ကိုအရိုအသေပေးပြီး နဘေးမှာငြိမ်ငြိမ်လေးရပ်ပြီး ကျင်းလင်ကိုသာပြုံးချို သောမျက်နှာဖြင့်စိုက်ကြည့်နေသည်။

"ဟေ့.............."

လာပြီ အော် လူမလာခင်အသံလာတာပါ။ ဝေ့ရင်းတစ်ယောက်အဝေးကနေအော်ခေါ်ပြီး ပြေးလာခဲ့တယ်။သူအရမ်းစိတ်လှုပ်ရှားနေတာကြောင့် နန်းတော်အပြင်ထွက်ဖို့အရမ်းတတ်ကြွနေမိတယ်။ သူ့အနောက်ကလက်စွဲတော်ဓားကိုကိုင်ပြီး ညင်သာစွာလျှောက်လှမ်းလာတဲ့ လန်ကျန့်....

"အကိုတော်.... အကိုတော်ပါလိုက်မှာလား? "

လန်ကျန့် သူ့အကိုတော်ကိုမယုံနိုင်သလိုကြည့်ပြီး မေးလိုက်တယ်။ လန်ဟွမ့် ကခေါင်းညိတ်ပြပြီး

မြေခွေးမိစ္ဆာလေး၏ဧကရာဇ်(Complete)Où les histoires vivent. Découvrez maintenant