Part 8

209 19 1
                                    

*ဘယ်တွေရောက်နေတာလဲ ရိပေါ်ရယ် ပြန်လာပါတော့ ကိုကိုစိတ်ပူနေပြီ*
ရှောင်ကျန့်တယောက်ရိပေါ်ထွက်သွားပြီးကထဲက
လိုက်ရှာခဲ့ပေမဲ့ ခုထိရှာလို့မတွေ့သေး
ဒီကြားထဲ လုရွယ်တို့သားအဖရဲ့ လုပ်ရပ်တွေအတွက်
အပြစ်ပေးနိုင်ဖို့ မိဘတွေကိစ္စအတွက်ရော သက်သေပြနိုင်ဖို့ကလည်း သူကြိုးစားရသေးတယ်
ရိပေါ်လေးမရှိတော့မှ ရှောင်ကျန့်တယောက် ဝဋ်တွေလည်နေရပြီ
"ဟလို ...ရှာတွေပြီလား ငါအခုလာခဲ့မယ်"
မိဘတွေကိုလုပ်ကြံတဲ့ကိစ္စ ကို သက်သေရှာလို့ရပြီဆိုတာကြောင့် ရှောင်ကျန့် အပြင်ကိုထွက်သွားတယ်

"ဖေဖေ သမီးတို့ ဘလိုလုပ်ကြမလဲ ရှောင်ကျန့်ကလဲ သမီးကိုမယုံသလို သံသယတွေဝင်နေပြီ ဒီတိုင်းဆို သမီးတို့အကြံအစည်တွေ ပျက်ကုန်တော့မှာပဲ"
"ဖေဖေလဲ အက်တာကိုစဉ်းစားနေတာပဲ နေပါအုံးသမီးရယ် တနည်းနည်းတော့ရှိလာမှာပါ"
ထိုစဉ်
"သခင်ကြီး ရှောင်ကျန့်ကသူ့မိဘတွေကိစ္စဆိုလား သခင်ကြီးနဲ့သက်ဆိုင်တယ်လို့ သံသယရှိတာမို့ သခင်ကြီးကိုစစ်ဆေးဖို့ဆိုပြီး ရဲတွေလာနေကြပြီတဲ့ ဒီကိုရောက်တော့မယ်"
"ဘာ!!!မဖြစ်ဖူး သမီး ဖေဖေပြောမယ် သမီးက ဒီမှာနဲနဲကြီးကျပ်ထားလိုက် ဖေဖေအဖမ်းခံလို့မဖြစ်ဖူး ရှောင်နေမှဖြစ်မယ် "ဆိုပြီး လျှို့ဝှက်လမ်းကနေ ထွက်သွားတော့တယ်

"လုရွယ် မင်းအဖေနဲ့တွေ့ချင်တယ်"
"ဪ ကျန့်ပါလား ဖေဖေမရှိဘူးလေ အလုပ်ကိစ္စနဲ့ခရီးသွားနေတယ် ဘာကိစ္စလဲဟင်"
"မင်းမလိမ်နဲ့ မင်းအဖေရှိတာငါသိတယ်"
"ဪ ကျန့်ကလဲ မရှိလို့ ရွယ်ကမရှိဘူးပြောတာပေါ့ မယုံရင်ရှာကြည့်ပါလား"
ရှောင်ကျန့်နဲ့ ပါလာတဲ့ရဲတွေတအိမါလုံးပတ်ရှာပေမဲ့မတွေ့ချေ
"လုရွယ် လုရွယ် မင်းလဲမင်းအဖေလိုပဲနော် အကျင့်တွေက ဒီတခါတော့ ရှောင်ထားပေါ့ မင်းလုပ်ရပ်တွေရော မင်းအဖေလုပ်ရပ်တွေရော ငါသိတာမို့ ငါ့လက်ကလွတ်မယ်မထင်နဲ့"

ရှောင်ကျန့်လဲစိတ်ပျက်စွာနဲ့ ပြန်လာခဲ့ရတယ်
ကားမောင်းနေရင်း စိတ်တွေရှုပ်လာတာမို့ လမ်းဘေးကိုကားချရပ်ထားစဉ်
*ဟင် ရိပေါ်*
စားသောက်ဆိုင်တခုမှာ စားပွဲထိုးလုပ်နေတဲ့ရိပေါ်ကိုမြင် သွားတယ် ထို့နောက် ရိပေါ်ရှိရာ အမြန်သွားလိုက်တယ်
"ရိပေါ် ကလေး!"
"ကိုကို"
ရိပေါ်ရဲ့ကိုယ်လေးကိုဆွဲဖက်ထားလိုက်တယ်
"ပျောက်နေလိုက်တာ ကလေးရယ် ကိုကိုလိုက်ရှာ
နေတာ ကိုကိုဘလောက်စိတ်ပူနေရလဲသိလား"
ရှောင်ကျန့်ရဲ့စကားတွေကြောင့်ရိပေါ်လေးမှာအံ့သြလျက် *ကိုကိုဘာဖြစ်နေတာပါလိမ့် ကိုကိုကသူ့ကိုစိတ်ပူတယ်တဲ့ ဖြစ်နိုင်လို့လား* သို့သော်
"ခင်ဗျား ဖယ်စမ်းပါဗျာ!"
ရှောင်ကျန့်ကိုတွန်းထုန်လိုက်သည်
"ဝမ်လေး ဘာဖြစ်.."
"ထွက်သွားပါ ဒါကျတော့်အလုပ်မှာ ကျတော့်အလုပ်ချိန်မို့ လာမနှောက်ယှက်ပါနဲ့ ကျတော်ခင်ဗျားကိုမတွေ့ချင်ဘူး"
"ရိပေါ် ကိုကိုက.."
"ထွက်သွားလို့!!!"
ရှောင်ကျန့်လဲ လူတွေကြည့်နေတာကြောင့် ထွက်သွားပြီးကားပေါ်မှ ရိပေါ်အလုပ်ပြီးတဲ့ထိစောင့်နေမိသည်
*ဝမ်ငယ်က ကိုကို့ကိုမုန်းနေပြီလား ဟုတ်တယ်ပဲ ကိုကိုမင်းအပေါ်မှာ ကောင်းမှမကောင်းခဲ့တာ မုန်းသင့်ပါတယ် ဒါမဲ့ကိုကို့ဆီကိုတော့ပြန်လာပေးပါရိပေါ်ရယ် ကိုကို့အပြစ်တွေသိပီမို့ကိုကို့အနားမှာပဲနေပြီး အပြစ်ပေးပါ*
ရိပေါ်အလုပ်ဆင်းတော့ ပင်ပန်းပြီးခေါင်းတွေမူးနေတယ် သူငှားနေတဲ့ တိုက်ခန်းလေးကိုလမ်းလျှောက်ပြန်ရင်း လမ်းမှာမူးလဲသွားတယ်
နောက်ကတိတ်တိတ်လေးလိုက်လာတဲ့ကားလေးထဲက ကောင်လေးက မူးလဲသွားတဲ့ကောင်လေးကို ပြေးပွေ့လိုက်ပြီး ကားပေါ်တင်ကာ ရှောင်းအိမ်တော်ဆီသို့..

Lullaby Where stories live. Discover now