"ကိုကို အလုပ်သွားတော့မှာလား"
"အွန်း ကလေး အိမ်မှာနေခဲ့နော် အပြင်သွားချင်ရင်
Driverကိုခေါ်သွား"
"ကျတော်လိုက်ခဲ့လို့မရဘူးလားဟင်"
"ဒီနေ့ကိုကို meetingရှိလို့ကလေးတယောက်ထဲဖြစ်နေလိမ့်မယ်လေ ကလေးရဲ့ နေခဲ့နော် မနက်ဖြန်ကျခေါ်မယ်လေ ဟုတ်ပြီလား"
"ဟုတ်"
"လိမ္မာတယ်နော်"
ဒီနေ့ ရိပေါ်စိတ်ထဲလေးနေမိတယ် ကိုကိုဘာမှမဖြစ်ပါစေနဲ့လို့သာဆုတောင်းရင်း အိမ်မှာပဲ ဂိမ်းဆော့နေလိုက်တယ်
"ဟလို ကိုကို"
"ကလေး ကိုကို ဖိုင်ကျန်နေခဲ့လို့ driverခေါ်ပြီး ကိုကို့ကိုလာပေးပါလား"
"ဟုတ်ကျတော်လာခဲ့မယ်နော်"
ရိပေါ် ဖိုင်ယူပြီး ကုမ္ပဏီသို့လာခဲ့သည်
တနေရာသို့အရောက်
"ကျွီ....ဒုန်း"
"ဟမ် ဦးလေး ရှေ့မှာ လူတယောက်ဝင်တိုက်မိတယ်
ထင်တယ် ဆင်းကြည့်ပါအုံး"
"ဟုတ် သခင်လေး"
Driverဦးလေးကြီး ကတိုက်ခံရသူအားဆင်းကြည့်စဉ်
ကားနောက်ခန်းသို့လူနှစ်ယောက်ဝင်လာပြီး
ရိပေါ်ဘေးတဖက်စီတွင် ထိုင်က ရိပေါ်ကိုချုပ်ထားကြ
လေသည် driver seatမှာလဲ တယောက်ရှိနေကာ
ကားမောင်းပြေးကြလေတော့သည်
ကားပေါ်တွင်တော့
"ခင်ဗျားတို့ဘသူတွေလဲ ကျတောင့်ကိုဘာလို့ဖမ်းလာ
တာလဲ လွှတ် လွှတ်စမ်းပါ ခင်ဗျား...."
ရိပေါ်ရုန်းနေလျှက်ပင် မေ့ဆေးဖြင့်အုပ်ခံလိုက်ရလေသည်တဖက်တွင်
*ကလေးက ဘာလို့မရောက်သေးတာပါလိမ့် လမ်းမှာများတခုခု ဖြစ်နေလား*ဟု ရှောင်ကျန့်တွေးနေစဉ်
ဖုန်းမြည်လာလေသည်
"ဥက္ကဌ သခင်လေးရိပေါ် ပြန်ပေးဆွဲခံရပြီ"
"ဘာ!!!"
"ဘလိုဖြစ်တာလဲ ရှင်းအောင်ပြောစမ်း"
".........."
"တောက်စ် ဘသူ့လက်ချက်လဲကွာ"
ရှောင်ကျန့်လဲ ရိပေါ်ကိုရှာဖို့ သူ့လူတွေကိုတာဝန်ပေး
လိုက်သည် သူလဲပဲ အစည်းအဝေးကိုဖျက်ကာ ကား
ဖြင့်ထွက်သွားပီး ရိပေါ်ကိုရှာလေသည်
*တောင်းပန်ပါတယ် ကလေးရယ် ကိုကို့ကြောင့်
ကိုကိုသာမလာခိုင်းရင် ခုလိုဖြစ်မှာမဟုတ်ဖူး
ခုကိုကိုလာရှာနေပြီမို့ ဘာမှမဖြစ်လိုက်ပါနဲ့ရိပေါ်*
"တီ တီ"
"ဟလို"
"ဟလို ကိုကို အဟင်း..."
"မင်း လုရွယ်"
"ဒါပေါ့ လုရွယ်လေ ခု ကျမလက်ထဲ ဘသူလေးရောက်နေတယ်ထင်လဲ ရှောင်ကျန့်"
"မင်း မင်း ရိပေါ်ကို ဖမ်းတာမင်းလား"
"အဟွန်းဒါပေါ့ ရှင့်ရဲ့ အချစ်ကလေးကို ကယ်ချင်ရင် ....ကိုလာခဲ့ ဪ ဒါနဲ့ တယောက်ထဲလာနော်
မဟုတ်ရင် ဝမ်ရိပေါ်ကို နှိပ်စက်ပြမယ်"
"မင်း တောက်စ် ဟုတ်ပီးငါ လာမှာမို့ သူ့ကို လက်ဖျားနဲ့တောင်မထိနဲ့"
ထို့နောက် ချိန်းဆိုရာနေရာဆီသို့.....