Part 6

210 20 2
                                    

ရှောင်ကျန့် ကုတင်ပေါ်မှာ အိပ်နေတဲ့ရိပေါ်ကိုကြည့်နေခဲ့တယ် *နိုးလာတော့လေဝမ်ငယ် ကိုကိုစိတ်ပူနေပြီ*
ရှောင်ကျန့်ရိပေါ်ရဲ့ဆံပင်လေးကိုသပ်တင်ပေးလိုက်တယ် သူရိပေါ်ကိုချစ်မိနေပြီထင်တယ် ဘယ်အချိန်ကစပြီးချစ်ခဲ့မိလဲမသိတော့ဘူး သူနဲ့လုရွယ်ကိုတွဲတွေ့တိုင်း
မျက်ရည်တွေဝိုင်းနေတဲ့ မျက်ဝန်းလေးတွေကြောင့်လား သူ့စကားဆိုအမြဲနားထောင်တတ်ပြီး သူ့ကိုတွယ်တာလွန်းတဲ့ရိပေါ်ကို သူချစ်မှန်းမသိချစ်နေမိခဲ့တာပဲ
ဒါမဲ့ ပါးနဲ့မားသေတာ သူ့ကြောင့်ဆိုတဲ့အတွေးတွေကလွှမ်းမိုးနေလို့ သူအချစ်တွေကို သူပြန်သတ်မပြုမိခဲ့ဘူး
"အင်း ကျိုးချန်ရောက်ပြီလား
ငါဆင်းလာခဲ့မယ်"ရိပေါ်လေးကတော့ မနိုးသေး
"...ဒီလိုပဲ ကျိုးချန် ငါ ပါးနဲ့မားကိစ္စကိုစုံစမ်းချင်တယ်"
"ဘယ်ကမှန်းမသိတဲ့ဖုန်းဆိုပေမဲ့ စုံစမ်းလိုက်တာ အကျိုး မယုတ်ပါဘူး ငါလဲကူညီမယ်
"ပြီးတော့ ရှောင်ကျန့် ရိပေါ်လေးကို ကောင်းကောင်းဆက်ဆံပေးလိုက်ပါကွ သူ့ခမျာ မင်းပဲရှိတာ"
ရှောင်ကျန့်ငိုင်နေမိသည်
*အရာအားလုံး ရှင်းလင်းသွားတဲ့တနေ့ကျဂကိုယ်မင်းကိုဖွင့်ပြောပါမယ် ကလေးငယ်*

"ရှောင်သခင်လေး"
"မင်း  ဘာဖြစ်ချင်ပြန်ပြီလဲ"
"ကျတော်တို့အပြင်မှာတွေ့လို့ရမလား"
"ကောင်းပြီလေ ဘယ်အချိန်လဲ"
"မနက်ဖြန် ညနေ ၆နာရီ ....cafeကိုလာခဲ့ပါ"
"ကောင်းပြီ"
မနက်ဖြန် အမှန်တရားတွေသိရတော့မှာပါလား
နောက်နေ့မနက်တွင်ရှောင်ကျန့် ကုမ္ပဏီအလုပ်များကို မြန်မြန်လက်စသတ်ပြီး အိမ်စောစောပြန်လာသည်
ညနေချိန်းထားတာကိုသွားရန် စိတ်စောနေသည်
အိမ်တွင်
"ခင်ဗျား ဒါဘာလုပ်နေတာလဲ"
"ဝမ်ရိပေါ် မင်း..မင်း ငါ့ကိုလိုက်ချောင်းနေတာလား"
"Hk ဒါပေါ့ ခင်ဗျားလိုမိန်းမကိုဘာယုံပြီး အိမ်မှာအေးဆေးနေခိုငါးရမှာလဲ ခင်ဗျားဖုန်းခိုးခိုးပြောနေတာလဲ ကျတော်သိထားပြီးပြီ ခုလဲ ခင်ဗျားအဖေနဲ့ပေါင်းပြီး ကိုကို့ရဲ့ စာရွက်စာတမ်းတွေ ခိုးဖို့ကြံနေတာမလား ခုပြန်ပေးအက်စာရွက်တွေ ကိုကိုပြန်လာရင် ခင်ဗျားရဲ့ မျက်နှာဖုံးကိုခွာချပြမယ် ခင်ဗျားကြည့်နေ"
လုရွယ် စိတ်ထဲတွင် အလွန်တုန်လှုပ်နေသော်လည်း
"ကျန့်က မင်းလိုကောင်ကိုယုံမယ်ထင်နေလား"
ထိုစဉ် တံခါးဘက်မျက်နှာမူထားသော လုရွယ်က ရှောင်ကျန့်အရိပ်ကို မြင်လိုက်သောအခါ
"ဝမ်ရိပေါ် မင်းက ရှောင်ကျန့်ရဲ့မိဘတွေကိုလဲ သေအောင်လုပ်သေးတယ် ရှောင်ကျန့်ဆီမှာ အခန့်သားနေပြီး ကျန့်ကိုပြစ်မှားနေတဲ့ မင်းကိုယ်မင်းမရှက်တတ်ဖူးလား ဒီလိုတွေလုပ်နေတာ မင်းမရှက်ဘူးလား"
"ခင်ဗျား သူခိုးကများလူပြန်ဟစ်လ်ု့"
ဖြန်းး
"အားး"
"ဝမါရိပေါ်!!!မင်းဘလိုလုပ်လိုက်တာလဲ"
"ကိုကိုပြန်လာပြီလား ကိုကိုကျတော် ပြောစရာတွေ
ရှိတယ် သူကလေ..."
"တိတ်စမ်း"
"လုရွယ် ရရဲ့လား"
"ကျန့် သူ သူကလေ ကျန့်ရဲ့စာရွက်စာတမ်းတွေကိုခိုးနေတာတွေ့လို့ ရွယ်က လာတားတာ အက်တာရွယ်နဲ့စကားများရင်း ကျန့်အပေါ်လုပ်ရက်ရသလားလ်ု့ပြောတာကို သူ..သူကလေ"
"ဝမ်ရိပေါ်...မင်း"
"ကိုကို မ..မဟုတ်ဖူး သူလိမ်နေတာ ကိုကို ကျတော့်ကိုယုံ သူလိမ်နေတာ"
ရိပေါ် ရှောင်ကျန့်လက်ကိုလှမ်းဆွဲတော့
"ခွပ်"
"ကိုကို"
"သူပြောတာမမှားဘူး မင်းလိုကောင်ကို အိမ်ပေါ်တင်ထားတဲ့ငါမှားတာ ငါ့မိဘတွေကိုသေအောင်လုပ်တဲ့အပြင် ခုငါ့ကိုပါ ဒုက္ခပေးဖို့ကြံတယ်ပေါ့ ဝမ်ရိပေါ်!"
"ကိုကို ကျတော်ပြောတာက်ု ခနနားထောင်ပေး!"
"ထွက်သွား ဒီလောက် စာရွက်စာတမ်းတွေနဲ့တွေ့နေရ
တာကို မင်းကငြင်းချင်တာလား ဒီထက်ပိုပြီးပြောရင်
မင်းကိုငါသတ်မိတော့မယ် ထွက်သွား!!"
ရိပေါ်အခန်းထဲကထွက်သွားသည်
လုရွယ်ကတော့ ကြိတ်ပြုံးနေခဲ့တယ်
"ကျန့်ရယ် အက်လောက်စိတ်မပူပါနဲ့ ခုလဲရွယ် အချိန်မှီတားလိုက်လို့သာပေါ့"
ဒီလိုနဲ့ လုရွယ်လဲ အခန်းထဲကထွက်သွားသည်
ရှောင်ကျန့်ကတော့ ရှုပ်ထွေးနေတဲ့စိတ်နဲ့ ချိန်းထားတဲ့
နေရာကိုထွက်သွားခဲ့တော့တယ်

Lullaby Where stories live. Discover now