Part 2

238 21 1
                                    

ရိပေါ်အသက် ၁၆နှစ်
ရှောင်ကျန့်အသက် ၂၂


"ဟုတ်ကိုကို"

'ကျွီ.....ရွှီး.....ဒုန်းး"
"ရိပေါ်!!!!"
ရိပေါ်ကိုရှောင်ရင်းနံရံနဲ့ဝင်တိုက်မိကာ အရှေ့ပိုင်းစတ်ြပြတ်နေသော ကားတစ်စီး
"ကိုကို"
"ကိုကို..ကျတော်..."
"........"

Unicode

ရိပေါ်အသက် ၁၆နှစ်
ရှောင်ကျန့်အသက် ၂၂

ငယ်ငယ်ကထဲကနေခုထိ ရှောင်ကျန့်ဟာ ရိပေါ်လေးကို အကိုလိုအဖေလို ကာကွယ်ပေး ချစ်ပေး ဂရုစိုက်ပေးခဲ့တယ် ရိပေါ်လေးအတွက်သူ သန်မာမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ငယ်စဉ်ကထဲက ရှောင်ပါးရဲ့ကုမ္ပဏီမှာ အလုပ်အကြောင်းတွေ လေ့လာသင်ကြားခဲ့တာ အခုဆို အသက်ငယ်ငယ်နဲ့ ရှောင်ပါးကုမ္ပဏီကို ဦးဆောင်နိုင်နေပြီ ဒီလိုထက်မြတ်တဲ့ရှောင်ကျန့်က ခုချိန်ထိအချစ်ရေးအတွက် အချိန်မပေးခဲ့ သူ့ကလေးလေးအတွက်သူရှိနေရမယ်လေ သူဟာဝမ်ငယ်အတွက် အကိုအရင်းတယောက်လို ကာကွယ်စောင့်ရှောက်နိုင်ရမယ်ဆိုတဲ့အတွေးလေးနဲ့ပေါ့ ပြီးတော့သူ့ရဲ့ညစဉ်မပြတ်တာဝန်အရသူ့ကလေးလေးကို ညတွေဆို သီချင်းလေးဆိုပြီးချော့သိပ်ဖြစ်တုံး....❤️

"ကိုကို ပါးနဲ့မားက ဘယ်နေ့ခရီးကပြန်ရောက်မှာလဲဟင်"
"ဒီနေ့ရောက်မှာ ကလေးရဲ့ ခနနေလောက်ရောက်မယ်ထင်တယ်"
"ဪ ဟုတ်...ဟိုလေ ကိုကို ကျတော် စကိတ်ခနသွားစီအုံးမယ်"
"ညနေတောင်စောင်းနေပြီလေ ဝမ်ငယ်ရယ် ပါးနဲ့မားလဲပြန်လာတော့မှာကို"
"ခြံရှေ့နားတင်စီးမယ်လေ ကိုကိုရယ် ပါးနဲ့မားကိုလဲထွက်ကြိုရင်း"
"အဆိုးလေးး သူစီးချင်တာကို အကြောင်းပြနေတယ်
လာ တူတူသွားမယ် ကိုကိုရောလိုက်ခဲ့မယ်"
"ဟုတ်ကိုကို"
ခြံထဲလမ်းလျှောက်သွားနေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ညနေခင်းက သိပ်ကိုလှပနေခဲ့တယ်
မမြင်နိုင်တဲ့ ကံကြမ္မာဆိုးက မနှောက်ယှက်ခင်အထိပေါ့

"ရိပေါ် အရမ်းမစီးနဲ့နော် ထိခိုက်မယ်"
"ဟုတ်ကဲ့ပါ ကိုကိုကလဲ ကျတော်ကျွမ်းပါတယ် ကိုကို
ကအဘိုးအိုပေါက်စလေးကျနေတာပဲ ပွစိပွစိနဲ့ အမြဲတမ်း"
"ဘာ ကလေးပေါက် ငါလှမ်းရိုက်လိုက်မယ်နော်"
ရိပေါ်လေးက စကိတ်စီးပြီးပြေးတော့တယ် နောက်မှာကျန်ခဲ့တဲ့ ရှောင်ကျန့်ကို ပြောင်ပြရင်းနဲ့
"ရိပေါ် ကားလာနေတယ်သတိထားး!!!!!"
'ကျွီ.....ရွှီး.....ဒုန်းး"
"ရိပေါ်!!!!"
"ကိုကို ကျတော်ဘာမှမဖြစ်ဖူး ...ဟို ကားးး"
ရိပေါ်ကိုရှောင်ရင်းနံရံနဲ့ဝင်တိုက်မိကာ အရှေ့ပိုင်းစတြ်ပြတ်နေသော ကားတစ်စီး
"ဟင် ပါးးးမားးးး!! ပါး သတိထားပါအုံးး မားး ကျတော်ခေါ်နေတယ်လေ"
"ကိုကို"
"သွားး မင်းမလာနဲ့ အက်တာမင်းကြောင့် မင်းကိုတိုက်မိမှာစိုးလို့ ရှောင်ရင်း ငါ့ပါးနဲ့မားသေရတာ"
"ကိုကို..ကျတော်..."
"မင်းကြောင့် မင်းအတွက်နဲ့ ငါ့မိဘတွေက အသက်ပေးခဲ့ရတာကွ"
"........"
"မင်းကိုငါ အရမ်းမုန်းတယ် ဝမ်ရိပေါ်!!!"

Lullaby Where stories live. Discover now