Part 4

206 19 1
                                    

ညနက်နေပြီ ကိုကိုပြန်မလာသေးဘူး
"တီ တီ"
*ကိုကိုပြန်လာပြီထင်တယ်*
ရိပေါ်ထွက်ကြည့်လိုက်တော့
"လုရွယ်ပြန်တော့မယ်နော် ကျန့်"
"ဟုတ်ပြီလုရွယ် ကျေးဇူးပါနော် ကိုယ့်ကားပျက်သွားလို့
လိုက်ပို့ရတာနဲ့ လုရွယ်နောက်ကျနေတော့မယ်"
"မဟုတ်တာ ကျန့်ရဲ့ ကျေးဇူးတင်ရမဲ့သူတွေလား"
လုရွယ် ပြန်ဖို့ လှည့်လိုက်ရင်း ချော်လဲသွားတော့ ရှောင်ကျန့်ကနောက်ကထိန်းပေးလိုက်တယ်
ဒါကိုအိမ်ပေါက်ကလှမ်းကြည့်နေတဲ့ရိပေါ်အမြင်မှာ
ကိုကိုက ကောင်မလေးကိုနောက်ကသိုင်းဖက်ထားတယ်လို့မြင်သွားတယ်
Xzအိမ်ထဲဝင်လာတော့ မျက်ရည်တွေနဲ့ရိပေါ်ကိုတွေ့တယ်
"ကိုကို"
ရှောင်ကျန့်က မသိဟန်ပြုကာ ရေသောက်နေတယ်
"ကိုကို ခုနကောင်မလေးက ကိုကိုနဲ့ဘလိုပတ်သတ်
ကြတာလဲဟင်"
ရှောင်ကျန့်က မသိဟန်ဆောင်က အပေါ်တက်ဖို့ပြင်တော့ ရိပေါ်လှမ်းအော်လိုက်တယ်
"ကိုကို့ကို ကျတော်ချစ်တယ် ဒါကြောင့် ဒါကြောင့်
ကိုကို တခြားသူနဲ့မတွဲပါနဲ့လား ကျတော့်ကို ကိုကိုမုန်းနေမှန်းသိပါတယ် ဒါမဲ့လေ ကျတော် ကိုကိုခွင့်လွှတ်အောင် အတတ်နိုင်ဆုံးကြိုးစားမှာမို့ ကျတော့်ကိုအခွင့်အရေးပေးပါလားကိုကိုရယ် ကိုကို့ကိုတခြားသူနဲ့တွေ့ရရင် ကျတော်နာကျင်တယ်"
ရိပေါ်ပြောစကားကြောင့် ရှောင်ကျန့်ခြေလှမ်းတွေရပ်သွားတယ် ရင်ထဲမှာလဲ အံ့သြတာလား ရင်တုန်တာလားမသိတဲ့ခံစားချက်တွေက ရောနှောနေတယ် ဒါမဲ့ရင်ထဲကအရာတွေကိုလစ်လျူရင်း မဲ့ပြုံးလေးနဲ့ရိပေါ်ဘက်လှည့်ကာ
"Hk မင်းအပြစ်က ခွင့်လွှတ်ဖို့ထိုက်တန်တယ်လို့ မင်းထင်နေတာလား??ငါ့ကိုချစ်တယ်ဟုတ်လား အေး ငါကလဲမင်းကိုဒီတသက်ဘယ်တော့မှချစ်လာမှာမဟုတ်ဖူး ဝမ်ရိပေါ် ခုလိုမင်းကိုအိမ်ပေါ်ခေါ်တင်ထားတာကလဲ သေသွားတဲ့ မင်းမိဘနဲ့ငါ့မိဘတွေရဲ့မျက်နှာကြောင့်ပဲ  မင်းကခု ငါ့ကိုချစ်နေတာဆိုတော့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာတင်မကဘူး စိတ်ပိုင်းဆိုင်ရာပါ ငါခံစားခဲ့ရသလို မင်းကိုနှိပ်စက်ပြရတာပေါ့"
အိမ်ပေါ်တက်သွားတဲ့ ရှောင်ကျန့်ကျောပြင်ကိုကြည့်ရင်း ရိပေါ် မျက်ရည်တွေကျနေခဲ့တယ်
*ကိုကိုက ငါ့ကိုအရမ်းမုန်းနေတာပဲ*

Lullaby Where stories live. Discover now