part - 43
4.9K 643 10
[Zawgyi]
ကိုယ့်ရဲ့ ကျန့်ကျန့် က အတော်ဆုံး
ဒီနေ့က အရမ်းကို သာယာလှပတဲ့ နေ့လေးပါပဲ။ ရှောင်ကျန့် တစ်ယောက် အရမ်းကိုပျော်ရွှင်နေတဲ့ နေ့ရက်လေးပါ။
အိမ်တော်အတွင်းရှိ ဇရပ်တစ်ခု မှာ အပြာရောင် ဝတ်စုံနဲ့ ဝမ်ရိပေါ် သည် အဖြူရောင် ဝတ်စုံကို ရိုးစင်းစွာ ဝတ်ဆင်ထားပြီး ဗျတ်စောင်းကို ပျော်ရွှင်စွာ တီးခတ်တဲ့ ရှောင်ကျန့် ကို တစိမ့်စိမ့်ဖြင့်ငေးကြည့်နေသည်။
ရှောင်ကျန့် ၏ မျက်နှာ မှာ နူးညံ့တဲ့ အပြုံးကို ပန်ဆင်ရင်း လက်ချောင်းသွယ်သွယ်လေးတွေက ဗျတ်စောင်း ကြိုးကို တီးခတ်နေပြီး သူ၏ ခံစားချက် ကို နူးညံ့တဲ့ သံစဉ်တွေနဲ့ ပုံဖော်နေသည်။
ကြည်နူးဖွယ်ရာ သံစဉ်တွေက တီးခတ်သူ က ပျော်ရွှင်စရာ ကောင်းတဲ့ အကြောင်းအရာနဲ့ တွေ့ဆုံစေချင်သည်ကို ပြောပြသယောင် နဲ့ နားဆင်သူတို့၏ စိတ်အစဉ်ကို ပျော်ရွှင်ကြည်နူးစေသည်။
သူတို့ နဲ့ မနီးမဝေးမှာ ရပ်နေကြသည့် အားလင် တို့ကလည်း သံစဉ် တွေကို ခံစားရလို့ ပျော်ရွှင်စွာ နဲ့ ပြုံးနေသည်။
ဒီနှစ်ရက်အတွင်း ရှောင်ကျန့် နဲ့ ဝမ်ရိပေါ် တို့ နားလည်မှု ရှိရှိနဲ့ တစ်ယောက် နား တစ်ယောက် မခွာပဲ စနောက်ပျော်ရွှင်စွာ နဲ့ အတူနေအတွက် သူ့သခင်လေး ကို စိတ်ပူနေတဲ့ အားလင်ကို ပျော်ရွှင်စေသည်။
အားလင်ကို ခံစားချက် ပိုလို့ ကိုယ့် ခံစားချက် ကို ပြောဖို့ အခွင့်ရေး ရှာနေတဲ့ ယဲ့လင်က ဘယ်လိုစရမှန်းမသိလို့ မျက်နှာ ပေါ်မှာ အားမလိုအားမရ ဟန် နဲ့ ရှိကာ အားလင်၏ ဘေးမှာ ရပ်ပြီး ချစ်ခင်ကြင်နာကြသည့် သူတို့၏ သခင် နှစ်ယောက်ကို မဝေးမှာ ငေးကြည့်မိသည်။
ရှောင်ကျန့် သည် ဗျတ်စောင်း ကို ကျေနပ်စွာ တီးခတ်ပြီးတော့ သံစဉ် အေးအေးလေး နဲ့ အဆုံးသတ်လိုက်သည်။
ဗျတ်စောင်းကို ရပ်လိုက်ပြီး ဝမ်ရိပေါ် ကို တော်လားဆိုတဲ့ အပြုံးနဲ့ ပြုံးပြပြီး နူးညံ့တဲ့လေသံနဲ့ သည်သို့ ပြောလိုက်၏။
" ဝမ်ကောကော ကျန့်ကျန့် ဗျတ်စောင်း တီးတာ နားထောင်လို့ ကောင်းလား "