part - 24
7.5K 923 14
[Zawgyi]
ဝမ်ကောကော နဲ့ သိုင်းလောကကို အတူသွားရမယ်
လိမ္မော်ရောင် ညနေခင်း လေးမှာ ရှောင်ကျန့် နဲ့ ဝမ်ရိပေါ် တို့ မက်မွန်ပင် အောက်မှာ ထိုင်နေသည်။
ရှောင်ကျန့် က ဝမ်ရိပေါ် ကို ကူရာမဲ့စွာ ကြည့်လိုက်သည်။ တကယ်ဘဲ ဒီလူက သူ့ကို ကြည့်လို့မဝဘူးလား သူချစ်တယ်လို့ ပြောပြီးတဲ့အခါ ဝမ်ရိပေါ်ဟာ သူ့ကိုကြည့်ပြီး ပြုံးနေတာ တနေကုန်ဘဲ မသိရင် ပြုံးရင်းနဲ့ အပြုံးရှူး ရှူးသွားတာထင်နေမယ်။ အဲဒီအကြည့်တွေကြောင့် စံအိမ်ကလူတွေည်း သူတို့ကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြည်ပြီ။
" ဝမ်ကောကော ကျန့်ကျန့် ကို အဲ့လောက်ထိ ကြည့်တာ ကြည့်လို့ မဝသေးဘူးလား "  ရှောင်ကျန့် သက်ပြင်းချပြီး ဝမ်ရိပေါ် ကို မေးလိုက်သည်။
" အာ... ကိုယ်က ပျော်လို့လေ ကျန့်ကျန့် ဆီက ကိုယ့်ကို ချစ်တယ်လို့ ပြောတာ ကြားရတော့ ကျန့်ကျန့် ကို ကြည့်ရင်း ကြည့်ချင်တယ် "    ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ကို နူးညံ့စွာ ပြောပြီး ရှောင်ကျန့် ရဲ့ မျက်လုံးကို ချစ်ခြင်းအပြည့်နဲ့ သေသေချာစိုက်ကြည့်လိုက်သည်။
ရှောင်ကျန့်က  ထိုအကြည့်တွေကြောင့် နေရခက်လာတယ်။ ထိုအကြည့်က သူ့ကို ညို့ယူနေသလို ခံစားရသည်။ ရှောင်ကျန့် က ထိုအကြည့်တို့ကို ရှောင်လိုက်ပြီး  ဖူးပွင့်နေတဲ့ မက်မွန်ပန်းတွေကို မော့ကြည့်နေရင်း သူ့ရဲ့စိတ်ကို လှပတဲ့ ပန်းပွင့်တွေကို အာရုံစိုက်စေလိုက်သည်။
" ပန်းတွေက အရမ်းဘဲ လှတယ် "  ပန်းတွေကို ကြည့်ပြီး ရှောင်ကျန့် လေသံ အေးအေးနဲ့ ပြောသည်။
" ကျန့်ကျန့်လည်း အရမ်းဘဲ လှတယ် " ဝမ်ရိပေါ် က ပြုံးပြီး ရှောင်ကျန့် လေသံအတိုင်း လိုက်ပြောလိုက်သည်။
" ကျန့်ကျန့် ကို လှတယ်လို့ မပြောနဲ့တော့ ကျန့်ကျန့် လှတာသိပြီးသား "  ရှောင်ကျန့် က ဘာပြောရမှန်း မသိတော့ဘဲ ထိုစကားကို ရှက်ရွှံ့စွာ ပြောလိုက်သည်။
ရှောင်ကျန့် ရှက်နေတာကြောင့် ဝမ်ရိပေါ် က သူ့ကိုမစတော့ဘဲ အခြားအကြောင်းပြောင်းလိုက်တော့သည်။