((Z))
- ဂိုဏ်းသုံးခုရဲ့ပြိုင်ပွဲ - ၂
ဝမ်ရိပေါ်က သိုင်းလောကသားတွေ အနားယူနေတုန်း သူ့ကို သတိမထားမိခင် သူ့ပုံစံရုပ်ဖျက်ပြီး သူ့ရဲ့သိုင်းလောကခေါင်းဆောင်နေရာကို ဝင်သရုပ်ဆောင်မယ့် ဂိုဏ်းသားနဲ့ နေရာလဲပြီးတော့ သူ့အခန်းကို ပြန်လိုက်သည်။
အခန်းထဲမှာ အသင့်ပြင်ထားတဲ့ အစိမ်းရောင် ဝတ်စုံနဲ့ ကျောက်စိမ်းရောင်မျက်နှာဖုံးကို သူက လျင်မြန်စွာ ဝတ်လိုက်ပြီး သိုင်းပြိုင်ပွဲကျင်းပတဲ့နေရာဆီကို လျင်မြန်စွာ သွားလိုက်သည်။
သူက သိုင်းပြိုင်ပွဲကျင်းပတဲ့ ကျောက်စိမ်းနန်းတော်ရှေ့ ရင်ပြင်ကျယ်ကို ရောက်လာတော့ ဂိုဏ်းသုံးခုရဲ့ လူအများက လာရောက်စုစည်းနေကြပြီး ဖြစ်သည်။
နတ်မိမယ်ဂိုဏ်းက ဂိုဏ်းသားတွေရဲ့ရှေ့ မုရုန်ယွဲ့က ကျော့ရှင်းစွာ ရပ်နေပြီး နတ်ဆိုးဂိုဏ်းရဲ့အဖွဲ့ရှေ့တော့ လုံရိဖုန်း က သူ့ရဲ့ မျက်နှာကိုမော့ပြီး မော်ကြွားတဲ့အပြုံးနဲ့ ရပ်နေသည်။
သူက ကျောက်စိမ်းနှင်းဆီဂိုဏ်းသားရဲ့ရှေ့ကို တည်ငြိမ်စွာ သွားလိုက်သည်။
သူလာတာကိုတွေ့တော့ အဖိုးယွိက သူ့ကို ခေါင်းညိတ်ပြပြီး ရင်ပြင်ကျယ်ရဲ့ အလယ်ရှိ စင်မြင့်ပေါ်ကို တက်လိုက်သည်။
သူ စင်မြင့်ပေါ်မှာ ရောက်တော့ သိုင်းပြိုင်ပွဲရဲ့အစဉ်လာကို ကြေညာလိုက်တယ်။
ခဏအကြာတော့ သိုင်းလောကသားတွေက ရင်ပြင်ကျယ်ကို ရောက်လာကြသည်။
ဝမ်ရိပေါ်ကိုအယောင်ဆောင်ထားတဲ့ဂိုဏ်းသားက သိုင်းလောကသားတွေကို စင်မြင့်နဲ့မဝေးတဲ့ နေရာလွတ်မှာ ဦးဆောင်ပြီး ခေါ်သွားကာ သူကရှေ့မှာ နေရာယူလိုက်တယ်။
မျက်နှာဖုံးတပ်ထားတဲ့ ဝမ်ရိပေါ်က သူတို့ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အယောင်ဆောင်ကို ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ကျန့်က ကလေးတွေနဲ့အတူ ကျောက်စိမ်းနန်းတော်ရဲ့ အပေါ်ဆုံးအထက်က လေသာဆောင်မှာ အတူထိုင်ကြပြီး ပြိုင်ပွဲရဲ့ နေရာကို လှမ်းကြည့်ကြသည်။
YOU ARE READING
Teen Fictionရှောင်ကျန့် : စိတ်မပူနဲ့ မင်းတို့တွေကို ဒီအစ်ကိုလေးက ကောင်းကောင်းလက်စားချေမှာ ဇာတ်လိုက်ကို လည်း အလွတ်မပေးဘူး ဝမ်ရိပေါ် : ပြောင်းလဲသွားတယ် ဒါပေမဲ့ ဒါက မဆိုးရွားဘဲ စိတ်ဝင်စားဖို့ကောင်းတယ် ရှောင်ကျန့် ကိုယ့်ရဲ့အမေ့ခံ ကြင်ယာတော်လေး သေဆုံးပြီး မကျေအေးနို...