61.
2K 283 9
Zawgyi
- မိသားစု အလည်ခရီး
ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် တို့က လျှို့ဝှက်နယ်မြေထဲမှာ ရောက်တော့ စာတွေကို စိတ်နှစ်ပြီး လုပ်နေတဲ့ သူတို့ ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။
ဝမ်ရိပေါ် က သူ့ကလေးတွေကို ကြည်ပြီး သဘောကျစွာ ပြုံးလိုက်ပြီး ပြောသည်။
" ငါတိုရဲ့ ပေါင်ပေ့တွေက တော်တော်လေး ချစ်ဖို့ကောင်းတယ်။  စာတွေကို သင်ယူတဲ့နေရာမှာ စိတ်နှစ်ပြီး လုပ်တတ်တယ်။ ဒါက အရမ်းကောင်းတဲ့ အမှုအကျင့်လေးပဲ "
" ဟုတ်တယ် "
ရှောင်ကျန့် က ပြောပြီး ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ ထိုနောက် သူက ဂုဏ်ယူစွာ နဲ့ ပြုံးလိုက်သည်။
အဖိုးယွိ နဲ့ စောင့်ရှောက်သူတွေက သူတို့နှစ်ဦးရဲ့ စကားကို ကြားတော့ အသံတိတ်နဲ့ ထောက်ခံကြသည်။ ဒါပေမဲ့ ဝမ်ပိုင်ယွိ ရဲ့ ကစားဖို့ စာတွေကို ပစ်ထားတတ်တဲ့ အကျင့်ဆိုးလေးကို တွေးမိတော့ ဘာပြောရမှန်း မသိတော့ဘဲ ခေါင်းခါလိုက်ကြသည်။ ဒါပေမဲ့ ထိုအကျင့်လေးကြောင့် သူတို့က ဝမ်ပိုင်ယွိ ကို ပို၍ ဂရုတစိုက် သင်ပေးရပြီး ပိုပြီး အချစ်ပိုကြသည်။
စောင့်ရှောက်သူအကြီးကဲ က ဝမ်ပိုင်ယွိ ကို ချစ်ခင်စွာနဲ့ ကြည့်ပြီးတော့ ဝမ်ရိပေါ် ကို ကြည့်လာသည်။
" ဂိုဏ်းချုပ်လေး အခုတခေါက် ဂိုဏ်းကို ပြန်လာတာက လာမဲ့နောက်တလ မှာ ကျင်းပမဲ့ ဂိုဏ်းသုံးဂိုဏ်း ရဲ့ ဂုဏ်လုပွဲကို ပြိုင်ဖို့ ပြန်လာတာလား "
" မဟုတ်ဘူး။ ကျွန်တော် က ဒီတခါ ပြန်လာတာက မိသားစုလေးနဲ့ ပျော်ရွှင်စွာ အတူနေဖို့ပဲ။ လာမဲ့ ဂုဏ်လုပွဲ အတွက်တော့ ကျွန်တော် က လွန်ခဲ့တဲ့ သုံးနှစ်ထဲက ပြင်ဆင်ပြီးပြီး။ ဒီတလမှာ ကျန့်ကျန့် ၊ ပိုင်ယွိလေး ရှောင်ယွီလေး တိုနဲ့ အတူနေချင်တယ် "
ဝမ်ရိပေါ် က စောင့်ရှောက်သူအကြီးကဲ ကို တည်ငြိမ်စွာ နဲ့ ပြောလိုက်သည်။
အဖိုးယွိ က ထိုသို့ကြားတော့ ဝမ်ရိပေါ် ကို ကြည့်ပြီး မကျေမချမ်း နဲ့ ပြောလိုက်သည်။