part - 32
6.6K 841 17
[Zawgyi]
ကျန့်ကျန့် ကို ဝမ်ကောကော က ခေါ်မှ ထူးခြားတာ
ရှောင်ကျန့် က ဝမ်ရိပေါ် ကို ဖက်ထားပြီး သူရဲ့ စိုးရိမ်မှုကို လျော့လိုက်သည်။ ဝမ်ရိပေါ် ရင်ခွင်မှာ မျက်နှာ အပ်ပြီး ရှောင်ကျန့် သည် ထိုလူ၏ ရင်ခုန်သံကို နားဆင်ရင်းကနေ သူ့ကို ချစ်တဲ့ အချစ် ကို ခံစားရတယ်။ သတိမထားမိချိန်မှာ သူ့ရဲ့ အချစ်ကို ဝမ်ရိပေါ် ကို ပေးအပ်ခဲ့ပြီး ဒါက သူ့အတွက် ကောင်းလား ဆိုးလား မတွေးမိတော့အောင် ချစ်နေခဲ့ပြီ။
ဝမ်ရိပေါ်ဟာ ရှောင်ကျန့် ကို ကြည့်တော့ ငြိမ်သက်စွာ သူ့ရင်ခုန်သံ ကို မျက်လုံး မှိတ်ပြီး နားထောင်တာကို တွေ့ရသည်။ သူက ရှောင်ကျန့် ရဲ့ ကျောကို တဖြည်းဖြည်းနဲ့ ပုတ်ပေးပြီး စိတ်သက်သာ လာအောင် ပြုလုပ်ပေးသည်။
ခဏကြာမှ စိတ်သက်သာရာရသွားတဲ့ ရှောင်ကျန့် က ဝမ်ရိပေါ် ဖက်ထားတာကနေ နည်းနည်း လေး ရုန်းလိုက်သည်။
" ဝမ်ကောကော ကျန့်ကျန့် အဆင်ပြေပြီး ကျန့်ကျန့် ကို လွတ်ပေးတော့ "ဝမ်ရိပေါ် ကို ရှောင်ကျန့် က မရဲမဝံ့နဲ့ တိုးညင်စွာ ပြောလိုက်သည်။
ရှောင်ကျန့် က စိတ်ငြိမ်သွားလို့ ခုနတုန်းက သူလုပ်ခဲ့တာကို ပြန်တွေးလိုက်ရင်း ရှက်သွားသည်။ သူ ဝမ်ရိပေါ် ဆီက ဂရုစိုက်မှု ကို ကလေးတစ်ယောက်လို လိုချင်တာကိုတောင်းသလို ငိုယို တောင်းခဲ့တယ်။ အား သူ့ရဲ့ တည်ကြည်တဲ့ အမှုအကျင့်တွေ တော့  မျောကုန်သွားပြီ။
" အင်း....  ကျန့်ကျန့် အဆင်ပြေရင် ကောင်းပြီလေ "
ဝမ်ရိပေါ် က ရှောင်ကျန့် ကို လွတ်ပေးလိုက်သည်။ ထိုနောက် သူက ရှောင်ကျန့် တကယ်အဆင်ပြေလားဆိုတာ သေချာအောင် သူလေးရဲ့ မျက်နှာကို နောက်တစ်ခေါက် ကြည့်လိုက်သည်။
ထိုအခါမှ အလွန်တရာ ရှက်နေတဲ့ သူ့ရဲ့ ကြင်ယာတော်ကို တွေ့ရသည်။ သူ့ ကြင်ယာတော် က ခုနတုန်းက သူ့ကို ကလေးလို ငိုယိုပြီး ချွဲနေတာ မဟုတ်သလို အခုမှာတော့ သူ့ကို အားနာစွာ နဲ့ ရှက်ပြုံးလေးပြုံးပြနေသည်။ ဘယ်လိုတောင် ချစ်စရာကောင်းလိုက်လဲ သူ့ကို ချစ်လို့မဝအောင်လုပ်နေတာလား။