Ep2

1.6K 140 3
                                    

ပထမဆုံးစတွေ့ခဲ့ရတဲ့သူတစ်ယောက်အတွက်ကိုယ်နှလုံးသားထဲမှာစကားလုံးတွေရုတ်တရက်ဖြစ်ပေါ်လာတယ်

...အဲ့စကားတွေကပြောပြနေတယ်မင်းကကိုယ်ရဲ့လူပဲတဲ့....

ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်တွေကိုလဲကိုယ်ရှာမတွေ့ခဲ့ဘူး...မင်းကကိုယ့်အိမ်မက်စိတ်ကူးထဲကပုံစံအတိုင်းမဟုတ်ပေမယ့်လဲ....

မင်းသိရဲ့လား??ဘာတွေဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့လူကမင်းပဲ......

ရာသီတွေလတွေနှစ်တွေအလီလီပြောင်းလဲလာခဲ့တာဒီနေ့နဲ့ဆိုTae Hyung 18နှစ်ပြည့်ဖို့တစ်လသာလိုတော့သည်

ဝါသနာပါတဲ့မုန့်ဖုတ်တဲ့အလုပ်ကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာသင်ယူပြီးပြီ အခုဆိုဦးလေးဖြစ်သူရဲ့ဆိုင်မှာလည်းTae Hyungကိုယ်တိုင်ဝယ်ကူနေရသည်

......ဒါပေမယ့် သူအသက်18နှစ်ပြည့်ရင်ပြန်တွေ့ကြမယ်လို့ပြောသွားတဲ့ဘယ်ကမှန်းမသိတဲ့Jeon Jung Kookဆိုတဲ့လူတစ်ယောက်ကိုTae Hyung အခုထက်ထိ မျှော်လင့်နေတုန်းဘဲ........
.
.
.
.
.
.

"လျှောက်တင်ခွင့်ပြုပါမင်းကြီး ကျွန်တော်တို့တွေမင်းကြီးရဲ့သားတော်လေးကိုအိမ်ရှေ့စံရာထူးပေးထားလိုက်ရင်ဘယ်လိုသဘောရပါသလဲမင်းကြီး"

ညီလာခံစုဝေးပွဲအခန်းထဲရှိရွှေအိုရောင်ပုလ္လင်ထက်တွင်ဘုရင်ဖြစ်သူJung Kookတစ်ယောက်ငြိမ်သက်စွာထိုင်နေသည်

အနက်​ရောင်ပိုးသားကိုအောက်ခံဝတ်ထားပြီးအနီရောင်ခြုံလွှာကိုအပေါ်တစ်ထပ်ဝတ်ဆင်ထားသည့်ဘုရင်ဖြစ်သူ
Jung Kookသည်ခက်ထန်တဲ့မျက်နှာမျိုးနဲ့
ပြုံးရယ်ခြင်းမရှိ.....တည်တံ့သောမျက်နှာထားကတိုင်းပြည်ရဲ့ဘုရင်တစ်ပါးအဖြစ်အင်မတန်ကြည့်ကောင်းလှသည်

တစ်နိုင်ငံလုံးရဲ့ကိစ္စအဝဝကနိုင်ငံရဲ့ဘုရင်ဖြစ်သူJung Kookထံတွင်ပုံကျလာသည်
အခုလဲအမတ်ကြီးတွေရဲ့တိုက်တွန်းမှုကြောင့်
မကြည်ဖြူတဲ့မိန်းမတစ်ယောက်ကိုမိဖုရားတော်ကောက်ထားရသည်

ဘုရင့်မျိုးဆက်ကျန်ဖို့မဖြစ်မနေယူလိုက်ရပေမယ့်ထိုမိန်းမရဲ့အိပ်စောင်ထဲသို့လက်ဆက်ပြီးနောက်နေ့ကစပြီးJungKookတစ်ခါမှမသွားခဲ့.....

ယောင်းရဲ့ အရှင်ဂျွန်Where stories live. Discover now