အပြာနုရောင်ဖဲဂါဝန်ကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် ဆေးရောင်စုံ ကာချယ်မျ်ိုးစုံကို ချယ်သလျှက် နန်းတော်ထဲသို့
ထယ်ယောင်း လျှောက်ဆော့နေပြန်သည်နန်းတော် တစ်လမ်းလုံးရှိ ရံရွေတော် အထိန်းတော် တစ်ချ်ို့သည် သူ့ကို ဖော်ရွေစွာ ပြုံးပြကြသည် တစ်ချို့ကတော့ တစ်လောကလုံးသူတို့ လုပ်စာ ထိုင်စား
နေသည့်ပုံစံမျ်ိုးဖြင့် ကြည့်လေသည်
အဲ့ဒီထဲမှာမှ တော်ဝင်မျိုးနွယ်စုဝင်တွေနောက်လိုက်ရတဲ့ အထိန်းတော်တွေသည်
အဆင့်ပေါင်းစုံဖြင့် ခွဲခြားသတ်မှတ်ထားသည်မိဖုရားခေါင်ကြီး မိဖုရား မင်းသား အိမ်ရှေ့စံစသည်ဖြင့် နောက်လိုက်အထိန်းတော်တိုင်းသည် နန်းတော်ထဲတွင်အရေးပါကြသည်
သူတို့အားလုံးထဲမှာမှ မင်းကြီးရဲ့အထိန်းတော်သည် နန်းတွင်း
တစ်ခုလုံး၏ အထိန်းတော်ချုပ်ဖြစ်သလို စည်းကမ်းအလွန်ကြီးပြီး ကျောက်ရုပ်လိုမျက်နှာထားမျိုးဖြင့် နန်းတွင်းရှိ အထိန်းတော်တိုင်းကို အုပ်ချုပ်ရသူဖြစ်သည်ဂျီမင် အနည်းငယ်ရှင်းပြထားတာကြောင့် နန်းတွင်းထဲရှိ လူတွေနဲ့ ထယ်ယောင်းကင်းကင်းရှင်းရှင်းနေသည်
ဂျီမင်ကတော့ ထုံးစံအတိုင်း သူ့အားနှုတ်ဆတ်ကာ သူ့အမေဖြစ်သူနဲ့ နန်းတော်ထဲရှိ အမတ်ပေါင်းစုံနှင့် တွေ့နေလေသည်နန်းတော် လမ်းတစ်လျှောက် ပျင်းရိပျင်းတွဲ ဖြင့် လမ်းလျှောက်နေရင်း
သိပ်မကြာလိုက်ပင် နန်းတော်ထဲစရောက်တုန်းက သူရောက်ခဲ့သည့် ရေနွေးကန်သို့ ထယ်ယောင်းရောက်လာမိပြန်သည်ဒီတစ်ခါတော့ အရင်လို နှာဘူးကြီးနဲ့တိုးမှာစိုး
တာကြောင့် ကန်ထဲမဆင်းဘဲ ကန်ဘေးရှိ ခုံတွင်သာ ထယ်ယောင်းဝင်ထိုက်လိုက်ကာ ရေထဲသို့ ခပ်သွယ်သွယ်ခြေဖဝါးလေးကို
ချလိုက်၍ ရေကိုဆော့နေလေသည်ထယ်ယောင်း၏ ဖဲဂါဝန်သည်လည်း ရေကန်စပ်သ်ို့ ကျနေကာ ဂါဝန်အဖျားတို့သည် ရေအနည်းငယ် စိုနေသည်
လေပြေလေညှင်းတ်ို့သည်လည်း တစ်ချက်တစ်ချက် တိုက်ခတ်တာကြောင့် ခါးတစ်ဝက်ထိ အရှည်လိုက်ချထားသော မီခိုးရောင် ဆံသားတို့ သည်လေတွင် လွှင့်လျှက်ပင် ။
YOU ARE READING
ယောင်းရဲ့ အရှင်ဂျွန်
Fanfictionအရှင် က ယောင်းရဲ့အချစ်မလို့ အရှင့်အတွက် အသက်ပေးဝံ့ပါတယ် 🌹✨ ယောင်း အရှင့်ပေါ် ထားတဲ့အချစ်တွေက အရှင့်ထက်မသာခဲ့ရင်တောင် အရှင်နဲ့တန်းတူပါဘဲ 🌸✨ ယောင်းကလေ အရှင်နဲ့ဘဲ နှစ်ယောက်ထဲအတူ...