ဆောင်းနှင်းဖွေးဖွေး ကျချိန် နန်းတော်ထဲသို့
နှစ်ထပ် ဖဲသားဂါဝန်ကိုဝတ်ဆင်ပြီး လျှောက်လှမ်းလာသည့် မိန်းကလေးက နန်းတွင်းရှိ ပုရိသတိုင်းကို ငေးမောစေမိမှာအမှန်ပင်...ပန်းစိရောင် သန်းနေတဲ့ နှုတ်ခမ်း ဖြောင့်စင်း
နေတဲ့နှာတံ အအေးဒဏ်ကြောင့်နီရဲ နေတဲ့ပါးမို့မို့လေးတွေက ထိုမိန်းကလေးသည် တစ်ချိန်ကြရင် အကြီးကဲတစ်ယောက်ရဲ့ ဇနီးဖြစ်လိမ့်မယ်လို့ သတ်မှတ်ကြသည်ထိုမိန်းကလေးနာမည်က Kim Tae Hyung
ဖြစ်သည်TaeHyung ခင်မျာ ၃ရက်တိတိသွားစရာနေရာမရှိတာကြောင့် Jimin ခေါ်တဲ့နန်းတွင်းကိုသာ TaeHyung လိုက်လာရသည်
Jimin ရဲ့အဘွားကြီးက မိန်းကလေးဝတ်စုံဝတ်မှလိုက်လို့ ရမယ်ပြောတာကြောင့် Tae Hyung ယခုလိုဝတ်ရခြင်းဖြစ်သည်
တစ်လမ်းလုံးလူတိုင်းကြည့် တာခံရပေမယ့် သူရဲ့ ဂါဝန်ကိုသာဂရုစိုက်နေရသည်
"Tae အဆင်ပြေရဲ့လား.."
"ငါ့ပုံစံကအဆင်ပြေတယ်များ ထင်နေလား မင်းအမေရဲ့ ဒီကြက်ခြင်းတောင်းကြီးကိုဖယ်
လိုက်လို့မရဘူးလား...""ငါ့အမေရဲ့ ကြက်ခြင်တောင်း..."
Jimin လည်းခေတ္တမျှ စဥ်းစားပြီးမှ
Tae Hyung ပြောတဲ့ ကြက်ခြင်တောင်းက်ိုသိလိုက်သည်Tae Hyung ရဲ့ပုံစံကိုကြည့်ပြီးရီခြင်လာတာကြောင့်စိတ်မထိန်းနိုင်ဘဲ ရီလိုက်မိသည်
"ဟား..ဟား..အဲ့ဒါ ကြက်ခြင်းတောင်းမဟုတ်ဘူး Tae ရဲ့..နန်းတော်ထဲက မိန်းကလေးတိုင်း
ဂါဝန်ဝတ်ရင် အဲ့ဒီ ဟာကိုခံရတယ် အဲ့ဒါမှ
သူတို့ရဲ့ ဂါဝန်တွေက ကားကားလေးနဲ့လှနေမှာပေါ့..""အခု ငါ့ပုံစံကကော လှတယ်လို့မင်းမထင်ဘူးလား.."
ဘုစက်စက် ကြည့်ပြီးမေးလာတဲ့စကားကြောင့် Tae Hyung ကိုပိုစနောက်ခြင်လာသည်
"လှတာပေါ့...ကိုယ့်ရဲ့ Tae လေးက စင်ဒရဲလားကားထဲက မိထွေးမရဲ့သမီး အကြီးမနဲ့တူတယ်..."
"ငါ့လို လူချောလေးက်ို အဲ့လောက်ထိ မင်းနှိမ်ပြီးပြောစရာလိုလို့လား..မင်းသားဖြစ်နေလို့နော် နောက်မလို့ဆို မင်းရဲ့ ဖင်ကိုပိတ်ကန်တယ်.."
YOU ARE READING
ယောင်းရဲ့ အရှင်ဂျွန်
Fanfictionအရှင် က ယောင်းရဲ့အချစ်မလို့ အရှင့်အတွက် အသက်ပေးဝံ့ပါတယ် 🌹✨ ယောင်း အရှင့်ပေါ် ထားတဲ့အချစ်တွေက အရှင့်ထက်မသာခဲ့ရင်တောင် အရှင်နဲ့တန်းတူပါဘဲ 🌸✨ ယောင်းကလေ အရှင်နဲ့ဘဲ နှစ်ယောက်ထဲအတူ...