" ကိုယ်တော်ကို ကိုယ်တော်မိတ်ဆတ်ပေးပါရစေ...ကိုယ်တော်က ဒီတိုင်းပြည်ရဲ့ရှင်ဘုရင် Jeon Jung Kook ဘဲ"
ထယ်ယောင်းထိုနေရာမှာတင် ကြောင်အစွာရပ်နေပြီးခဏကြာတော့ ဝလုံးကွဲအောင်ထရယ်ပါတော့တယ်
သူ့ရယ်သံက ဘယ်လောက်ထိကျယ်နေလဲသူမသိနိုင်တော့ သူအစေခံလို့တွေးထင်ထားတဲ့လူက ရှင်ဘုရင်လို့ဆိုလာတာကြောင့် ဗိုက်ကျောနိုပ်ပြီးသာ အော်ရယ်မိသည်"ဟား..ဟား.ဟား...ခင်ဗျား....ခင်ဗျား..
တကယ်ပြောနေတာလားဟင် "သက်တော်စောင့် Yan လည်း သူရဲ့အထင်ကြီးလေးစားရတဲ့ ရှင်ဘုရင်ကို မထီမဲ့မြင်လုပ်လာတာမလို့ ဒေါသဖြင့်ခက်ထန်စွာပြောလိုက်သည်
" အတင့်ရဲလိုက်တာ အရှင်ကိုမင်းနဲ့အဆင့်တူတယ်များထင်နေလား ခုချက်ချင်းဒူးထောက်လိုက်စမ်း "
ဘေးကလူစကားကြောင့် ချက်ချင်းပင် မြေကြီးပေါ်တွင်ဒူးထောက်လိုက်ပြီး မျက်နှာကိုမြေပြင်နဲ့ထိအပ်ထားလိုက်သည်
ဒီလူရဲ့ပုံစံက သူခိုင်းသလိုမလုပ်ရင် ချက်ချင်းထသတ်တော့မည့်ပုံစံကြီး။
" ကျွန်တော်မျိုးတောင်းပန်ပါတယ်အရှင်...အရှင်ကိုစော်ကားသလိုဖြစ်ခဲ့တာမလို့ အရှင် စိတ်ကြိုက်အပြစ်ပေးပါ "
ငိုသံအနည်းငယ်စွတ်သော တောင်းပန်သံ
လေးကြောင့် ဂျောင်ကုလည်း ဒီတိုင်းကြည့်နေဖို့မနေသာတော့။သက်တော်စောင့် Yan ကို သူရဲ့ပန်းကလေးကိုဆူတာကြောင့် အပြစ်ပေးလို့လည်းမရ ဒါကလည်းသူလုပ်သင့်တဲ့အရာကိုလုပ်တာဘဲလေ။
ငါလိုအရှင်ဘုရင်ကို ဘယ်သူကများဒီလောက်ထိ မထိလေးစားလုပ်ရဲမှာလဲ။အခုတော့ အရှေ့ကအကောင်ပေါက်လေးက လုပ်ခြင်တာလုပ်ပြီးငိုနေပြန်လေရဲ့။ မဟုတ်မှ ငါသူ့ကိုခေါင်းဖြတ်မယ်လို့ ထင်နေတာလား။
ဂျောင်ကုစိတ်ထဲတွင် ခေါင်းဖြတ်သတ်ခါနီးထယ်ယောင်းရဲ့ပုံကို မြင်ယောင်နေမ်ိသည် အသံပြဲကြီးနဲ့အာခေါင်ခြောက်တဲ့အထိ ငိုယိုနေမယ့်ပုံက တကယ်ချစ်ဖို့ကောင်းမှာအမှန်။
ပါးစပ်ကလည်း ပေါက်ပန်းလေးဆယ်တွေအော်နေမှာသေချာတယ် မျက်နှာမှာလည်းနှာရည်တွေနဲ့ညစ်ပတ်နေမယ့်ပုံက စိတ်ဝင်စားဖို့ကောင်းလွန်းသည်
YOU ARE READING
ယောင်းရဲ့ အရှင်ဂျွန်
Fanfictionအရှင် က ယောင်းရဲ့အချစ်မလို့ အရှင့်အတွက် အသက်ပေးဝံ့ပါတယ် 🌹✨ ယောင်း အရှင့်ပေါ် ထားတဲ့အချစ်တွေက အရှင့်ထက်မသာခဲ့ရင်တောင် အရှင်နဲ့တန်းတူပါဘဲ 🌸✨ ယောင်းကလေ အရှင်နဲ့ဘဲ နှစ်ယောက်ထဲအတူ...