ချစ်လှစွာသော ခလေးရေ..
ချစ်ခြင်းမေတ္တာ တိုကိပွဲမှာ..
ခွင့်ပြုချက်မရသေးတဲ့..ဆေးရုံက လူနာမဖြစ်ချင်သလို...
ချစိတိုင်းမညားတဲ့ ပုံပြင်တွေထဲ...
ခလေးနဲ့ ဦး ဟာ
အဖန်ငါးရာငါးကမ္ဘာ လွဲပါစေ...💛💛💛မနက်ခင်းလေး..ရုံးသွားဖို့..ပြင်ဆင်ပြီးတယ်ဆို ခွန်လီ ဖုန်းကိုယူလိုက်ပြီး.ခေါ်မိပြန်ပြီ...အမှတ်မရှိ..ပြီးရင်အော်ခံရအုံးမယ်..
🎼🎼🎼
ဖုန်းသံလေးYou are my sunshine through the sky. .
You raise my hand. .and left me fly. .
You are the one. Who make feel. .." အား Hello "
" အဟက် ထင်တယ်.ဒီအသံလေးထွက်လာမယ်ဆိုတာ."
" ဘာလဲ ဦး.မနက်အစောကြီး "
" မစောတော့ဘူး ခလေး ထတော့ "
" မထချင်ဘူး မိုးမလင်းသေးဘူး "
" ဟောဗျာ အပြင်မှာ လင်းထိန်နေပြီ..ခလေး 7 နာရီ ထိုး သွားရမှာမလား နောက်ကျနေမယိ.အခု ၆ ခွဲနေပြီ "
" အင်း ခဏလေးပဲ "
ထိုစဥ်.. Jen အမေ ဂျန်နာရာ အသံက ထွက်ပေါ်လာပါပြီ 😨😱😳😱
" ဒုန်း ဒုန်း ဒုန်း...Kim Jennie ငပျင်းမ ထတော့..ငါလာနှိုးရရင် အသေပဲနော် "
.
" အား..လာပြီ လူသားနိုးစက် နောက်တစ်လုံး.Jen လေး..ကိုပဲ ကောင်းကောင်း အိပ်ခွင့်မပေးကြဘူး အဟင့် "" ထပြီမေမေရေ...ထပြီ..ထကတည်းက..ချစ်ဖို့ကောင်းတဲ့ သမီးလေးကိုနှိုးတာတဲ့..လွှတ်တော်ရှေ့ ဆန္ဒ ထုတ်ဖော်နေတာကျနေတာပဲ 😒😒"
" အပိုတွေပြောမနေနဲ့.. ရေမိုးချိုးပြီး ကျောင်းသွားဖို့ပြင်ဆင်တော့..ပြန်အိပ်နေလို့ကတော့ အသေပဲနော် "
" မအိပ်ဘူး ကျောငိးရောက်မှ ဆက်အိပ်မယိ "
" အဟက် "
ဖုန်းထဲက ကြားနေရတဲ့ ခလေးတို့သားမိရဲ့ မနက်ခင်းစစ်ပွဲလေးကို.နားထောင်ပြီး သဘောကျ နေမိတယ်..
" ဟဲလို ဦးခွန် ..ခလေးထပြီ "
." ဟုတ်ပါ့ ပြီ..ခလေး..အာ့ဆို ရေချိုးလိုက်တော့ ဦးဖုန်းချလိုက်တော့မယ်နော် "