ခဏကြာတော့ ချန်ယောင်း နဲ့အတူ...Soo လည်း ပါလာတယ်.....Jen လေးကတော့ သူမ သူငယိချင်း လေးကို တွေ့တာနဲ့.. လက်လေးကိုတန်းချိတ်တာ...တကယ်ကို ချစ်တတ်သူလေး..ခွန်က ချန်းကို..."...ချန်း ကားပေါ်တက်လေ...ခလေးနဲ့ ခလေးသူငယ်ချင်း ကို ကျူရှင် မသွားခင် တစ်ခုခု စားဖို့ ဆိုင်တစ်ဆိုင်ကိုမောင်းနော်..အော် ဒါနဲ့...အဲ့စက်ဘီးဘရိတ်က..ဟိုတစ်နေ့က. တည်းက မမိတာလား.."
Jen က " အင်း ဖေဖေပြင်ပေးမယ်ဆိုပြီး...မအားလို့ "
" ခလေးရယ် အန္တ ရာယ်များတယ် "
" ရပါတယ် ဦးရဲ့...Jen ထိန်းနင်းတတ်ပါတယ်.."
Soo က Jen ပုခုံးကို ပုတ်ရငိး " Yarr. ..Jennie မဖြစ်ဘူး...မတော်တဆ ကားနဲ့တိုက်မိရင် အန္တ ရာယ်များတယ် အစ်ကို ခွန်လီ.. Jen ပြောတာကို မယုံနဲ့ ပြင်ပေးပါနောိ. စက်ဘီး လေးကို "
ခွန်လီ လည်း ခေါင်းညိမ့်ပြရင်း ." ချန်း ကား Servicing ကိုဖုန်းဆက်ခေါ်လိုက် "
" ဟုတ်ကဲ့ MD ဒါနဲ့....ကားကမပျက် "
":စက်ဘီး ပြင်ခိုင်းမလို့...ခေါ်လိုက်..လို့ "
" ဟုတ်ကဲ့ MD "
" ကားကရပ်ထားလို့ တော်သေးတယ် ခလေးရယ်..မောင်းနေတဲ့ ကားနဲ့များတိုက်မိရင်..ဘယ်လိုလုပ်မလဲ "
" မောင်းနေတဲ့ ကားဆို...သူ့ဘက်က ရှောင်မှာပေါ့..ခုကရပ်ထားတော့ Jen ဝင်တိုက်တာကို..ရှောင်လို့မရဖြစ်သွားတာ ဟီးဟီး "
" ကဲ မနိုင်စိန်လေး..ခလေးနဲ့ဆို..ဘယ်လိုမှ နိုင်အောင်..ပြောလို့ကိုမရတာ "
ချန်းလည်း..ရီနေမိတယိ. " တော်သေးတာပေါ့ Jen Jen ရယ်...ကားနဲ့ခုနက တိုက်မိတာ ဘာမှမဖြစ်လို့..တစ်ခုခုဆို မလွယ်ဘူး "
Jisoo ကတော့ သူငယ်ချင်း ရှပ်ပြာမလေးကို. မျက်စောင်းလေးထိုးရင်း.. " အစ်ကို ခွန်လီ နဲ့ အစ်ကိုချန်ယောင်း ရေ....Jen ကလေ..လမ်းလျောက်ရင်း အိပ်ငိုက်တာ..ကျောင်းက တိုင်ကိုဝင်တိုက်တာ ခေါင်းတောင်ပေါက်တာ....အဲလို ရှပ်ပြာနိုငိတာ. "
Soo စကားကိုကြားတော့ အားလုံး က.. ဝိုင်းရယ်ကြတယ်... Jen ကတော့ နှုတ်ခမ်းလေး ကိုက်ပြီး..ထုံးစံအတိုင်း မျက်လုံးလေးတွေ..ပိတ်အောင်ရီနေပြန်ပြီလေ...