( eighteen )

812 39 3
                                    

သို့ ...

ချစ်ရပါသော အစ်ကိုထယ်ယောင်းရေ❤

Happy Birthday ပါ။
မွေးနေ့ကိုစိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်။
ဒီနှစ်တစ်နှစ်လုံး အများကြီးတာဝန်ကျေခဲ့ပါတယ်။ ပြောချင်တာတွေရော ဆုတောင်းပေးချင်တာတွေရော အများကြီးပဲမို့ ဘယ်ကစပြောရမှန်းတောင်မသိတော့ဘူး ㅎㅎ
ပထမဆုံးအနေနဲ့ idol တစ်ယောက်အနေနဲ့
သိခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
နောက်ပြီး ပျော်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ အနားမှာရှိပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ။ ဘယ်တော့မှ စိတ်ခံစားချက်ကို
ထည့်မတွက်ပဲ fans တွေ အတွက်ပဲ ကြည့်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ရပါတယ်။ ပေးဆပ်ခဲ့ရတာတွေနဲ့ တန်အောင်
ရလာခဲ့တဲ့ အောင်မြင်မှုတွေအတွက်လည်း
ဂုဏ်ပြုပါတယ်။ စဥ်းစားကြည့်တော့မှ
အစ်ကိုနဲ့ ကျွန်မအတူရှိလာခဲ့တဲ့အချိန်တွေတောင် အတော်လေး ကြာသွားခဲ့ပြီနော်!
အစ်ကိုအသက်၁၉နှစ်အရွယ် ကလေးလေး
ဘဝထဲကနေ ကျွန်မအစ်ကို့ကို သဘောကျခဲ့
တာ အခုဆို ကျွန်မအသက်၂၀တောင် ဖြစ်တော့မယ်။ မျက်စိတစ်မှိတ်လေးအတွင်း
အချိန်တွေက မြန်လိုက်တာလို့ ကျွန်မခံစားရတယ်။ ငယ်ငယ်ကအကြောင်းတွေ ပြန်တွေး
ကြည့်ရင် မျက်ရည်ဝဲလောက်တဲ့အထိ
ကြည်နူးဖို့ကောင်းခဲ့တယ်။ ㅠ.ㅠအလယ်တန်းကျောင်းသူလေးကျွန်မကို တခြားလမ်းမှားမရောက်စေပဲနဲ့ စာကြိုးစားဖို့ အမြဲသတိဝင်စေခဲ့တဲ့အဓိကအကြောင်းအရင်းကတော့ အစ်ကိုပေါ့။

ဆယ်တန်းတုန်းကဆို တစ်ချို့မိဘတွေက သားသမီးတွေကို ကိုရီးယားရူးလို့ အမျိုးမျိုးဆူပူကြပေမယ့် ဖေဖေနဲ့ မေမေကတော့ အစ်ကို့ကိုကျေးဇူးတောင်တင်နေတယ်ရှင်😂 ㅋㅋ သူတို့သမီးလေးကို သူတို့တောင် ပြောစရာမလိုပဲ အစ်ကိုနဲ့တွေ့ရဖို့
ဆိုပြီးစာတွေကျက်နေလို့တဲ့လေ။
ဒီလောက်ထိကြိုးစားနေတာတောင်
ကျွန်မခုချိန်ထိ အစ်ကိုနဲ့ တွေ့ခွင့်မရသေး​
ပြန်ဘူး။ huuu....

ဒါပေမယ့် ကျွန်မယုံကြည်ပါတယ်။
ကိုယ့်ရဲ့ကြိုးစားမှုနဲ့ လုံ့လက ဘယ်တော့မှ
ကိုယ့်ကို သစ္စာမဖောက်ဘူးဆိုတာကိုလေ။
တစ်နေ့တော့ ကျွန်မက အစ်ကိုရှိတဲ့ နေရာကို
အရောက်လာခဲ့ပြီး ' Finally I found you '
ဆိုပြီး အကျယ်ကြီးအော်ပြီး တစ်ဝကြီး
ငိုပစ်လိုက်ချင်ပါသေးတယ်။

ချစ်တယ်ဆိုတဲ့ စကားထက်ပိုပြီး လေးနက်တာတဲ့စကားမျိုးအများကြီးရှိမလားတော့
မသိပေမယ့် ကျွန်မကတော့ ရိုးရိုးလေးပဲ ပြောချင်တယ်။ ကျွန်မအစ်ကို့ကိုချစ်တယ်။
သိပ်ကိုချစ်ရပါတယ်။
ဟိုအရင်ကလေးဘဝကအချစ်မျိုးနဲ့ရော
အရွယ်ရောက်လာတဲ့မိန်းကလေးတစ်ယောက်ရဲ့ အချစ်မျိုးနဲ့ရော၊
အကိုတစ်ယောက်လိုရော၊ သူငယ်ချင်းတစ်ယောက်လိုရော၊ idol တစ်ယောက်လိုရော
စတဲ့ ချစ်ခြင်းအမျိုးမျိုးနဲ့ ကျွန်မအစ်ကို့ကို
သိပ်ချစ်ရပါတယ် ။

နောက်ဆုံးအနေနဲ့ ပြောရရင်တော့
ဆုတောင်းပေးစရာက သိပ်တောင်မရှိတော့သလိုပဲ။ အစ်ကိုက အကုန်ပြည့်စုံနေတော့။
ဒါပေမယ့် အစ်ကို့ဘဝရဲ့ နောက်ထပ်ရှိ​နေဦးမယ့် အိမ်မက်တွေက ဘာလဲဆိုတာ ကျွန်မ
မသိပေမယ့် အဲ့ဒီအိမ်မက်တွေအကုန်
ဖြစ်လာပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်။ ပြီးတော့ ကျန်းမာရေးကောင်းအောင်ဂရုစိုက်ပါအစ်ကို။ ဒီတစ်ခုက အရေးကြီးဆုံးပါ။ ကျွန်မအတွက် ကျန်တာတွေဘာမှ
မလိုအပ်ပေမယ့် အစ်ကို့ကျန်းမာရေးကောင်းဖို့နဲ့ စိတ်ပျော်ရွှင်နေဖို့ကတော့ လုံးဝလိုအပ်တယ်။

ရှေ့လျှောက်လည်း အများကြီးချစ်ပြီး
အစ်ကိုလုပ်မယ့်အလုပ်တိုင်းကို
Support ပေးသွားပါမယ်။
အမြဲတမ်း ချစ်တယ်။ ❤

#HappyBirthdayTaeHyung
#HayyBirthdayV
#HappyBirthdaymyWinterBear

#HappyBirthdayTaeHyung #HayyBirthdayV #HappyBirthdaymyWinterBear

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မှတ်မှတ်ရရ ဒီပုံလေးကတော့ ကျွန်မ၈တန်းကျောင်းသူဘဝက အစ်ကို့ကို စပြီးသဘောကျခဲ့ရတဲ့ပုံလေးပေါ့။ ❤

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မှတ်မှတ်ရရ ဒီပုံလေးကတော့ ကျွန်မ၈တန်း
ကျောင်းသူဘဝက အစ်ကို့ကို စပြီးသဘောကျခဲ့ရတဲ့ပုံလေးပေါ့။ ❤

ပြောချင်တာတွေအများကြီးရှိသေးပေမယ့်
ဒီလောက်နဲ့ပဲ ရပ်ပါတော့မယ်။ 😂

생일 축하해요태형님!
선물로 나를 받아줘 😂ㅋㅋ
나는 아이덜중에 당신빢에 없어서
항상 사랑하겠습니다❤

안녕! 👋🏻
매일매일 사랑해용~~


You've reached the end of published parts.

⏰ Last updated: Dec 30, 2020 ⏰

Add this story to your Library to get notified about new parts!

just for only V (김태형)♡Where stories live. Discover now