(eleven)

383 45 6
                                    

To my Taehyung,

ဘာရယ်မဟုတ် ပဲ ဟိုအရင်တုန်းက
အချိန်တွေကို ဒီနေ့ပြန်စဥ်းစားမိတယ်အကို!

အဲ့တုန်းက အကိုက အခုလို အရမ်း
မအောင်မြင်သေးဘူး။

အကိုက တတ်သစ်စ အဆိုတော်ပေါက်စလေး။
ညီမက အလယ်တန်းကျောင်းသူ အရွယ်လေးပေါ့။

အချစ်ဆိုတဲ့အရာကို ' ဖြူလား / မည်းလား '
တောင် သေသေချာချာ မသိသေးတဲ့
အပျိုဖော်ဝင်ခါစအရွယ် ကလေးမလေး က
အကို့တစ်ယောက်ကိုတော့
' ငါသူ့ကိုအရမ်းကြိုက်တာပဲ ' ဆိုပြီး သူမ သူငယ်ချင်းတွေကို တတွတ်တွတ်နဲ့ အချိန်တိုင်း ပြောနေတတ်တယ်။
ဒါပေမယ့် ဒါကို ရင်ခုန်ခြင်းတစ်ခုလို့ပဲ
ခေါင်းစဥ်တတ်ခဲ့တယ်။

သူငယ်ချင်းတွေက သူမကို ဝိုင်းပြောကြတယ်။ ' နင် ခဏတာအရူးထနေတာပါ
နင်အရွယ်ရောက်လာတဲ့အခါ ဒါတွေက
ရယ်စရာ တစ်ခု ဖြစ်နေလိမ့်မယ် "တဲ့လေ။

အခု အဲ့ကလေးမလေး
သူတို့ပြောတဲ့ အရွယ်တစ်ခု ရောက်လာခဲ့ပြီ။
သူတို့ပြောခဲ့သလို အကို့အပေါ် ခဏတာအရူးထခြင်းလည်း မဟုတ်ခဲ့ဘူး။
အကို့ကို သဘောကျနေရတာက
ရယ်စရာတစ်ခုလို့လည်း တစ်ခါလေးမှတောင် မစဥ်းစားမိဘူး။

အချိန်တွေသာ နှစ်တွေချီပြီး ပြောင်းလဲ
သွားခဲ့တယ်။ ကလေးမလေး
အလယ်တန်းကျောင်းသူ အရွယ်တည်းက
အကို့ကိုသဘောကျခဲ့ရတဲ့ စိတ်တွေဟာ ပြောင်းလဲမသွားခဲ့ပါဘူး။
အခုချိန်မှာ အချစ်ဆိုတဲ့အရာကို လည်း
ကလေးမလေးက ကောင်းကောင်း နားလည်
နိုင်တဲ့အရွယ်ရောက်ခဲ့ပြီ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကိုလည်း ​ကောင်းကောင်း ဆုံးဖြတ်နိုင်တဲ့အရွယ်ရောက်နေခဲ့ပြီ။

ဒီတစ်ခါတော့ ဒီအရာကို ကလေးမလေးက
သေချာပေါက် ခေါင်းစဥ်တပ်နိုင်ခဲ့ပြီ။

• အကို့ကို ရင်ခုန်ခဲ့တာမဟုတ်ဘူး။
• အကို့ကို သဘောကျရုံ သက်သက်
မဟုတ်ခဲ့ဘူး။

• အကို့ကို ချစ်ခဲ့တာ။

ကလေးမလေး က ငယ်ရွယ်နုနယ်တဲ့
အရွယ်မှာထဲက သူမရဲ့သိစိတ်မှာရော
မသိစိတ်မှာပါ အကို့ကို ချစ်တဲ့စိတ်က
အမြဲတစေ ကိန်းအောင်းနေခဲ့တာ။
သူမ အတွက် အချစ်ဆိုတဲ့ အရာဟာ
အကိုတစ်ယောက် ထဲ အတွက် ဖြစ်တည်နေခဲ့တာ။ အကိုကတော့ အဲ့ဒီကလေးမလေး
ကို မသိနိုင်ပေမယ့်လို့ပေါ့။

ကလေးမလေး က အကို့ကို စသိခဲ့တဲ့
အချိန် အလယ်တန်းကျောင်းသူ ဘဝ
ထဲက နေ အခုချိန်ထိ မပြတ်မကွက်
ပြောနေကျ စကားတစ်ခုရှိတယ်။

" အကို့ကို အရမ်းချစ်တာပဲ " တဲ့။

2/ July / 2020
11:40 pm

just for only V (김태형)♡Where stories live. Discover now