To my TaeHyung,
အရင်တုန်းကတော့ တစ်ယောက်နဲ့
တစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲလေးတွေမြင်ရင် ကျွန်မသိပ်အားကျတာပဲ အစ်ကို။ကျွန်မ နဲ့ အစ်ကိုလည်း တစ်ချိန်မှာ
အဲ့လိုစုံတွဲလေးဖြစ်လာရင်ကောင်းမှာပဲ
ဆိုပြီးတော့လည်း ကလေးအတွေးလေးနဲ့
စိတ်ကူးတွေ အများကြီးယဥ်ခဲ့ဖူးတယ်။ဒါပေမယ့်လည်း အချစ်ဆိုတာ အပြန်အလှန်ချစ်နေကြမှ ပျော်ဖို့ကောင်းတာမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်အပေါ်ကို
ဘာမျှော်လင့်ချက်မှမထားပဲ ချစ်နေရတာလေးကလည်း ဘဝရဲ့ပျော်ရွှင်အေးချမ်းမှုတွေထဲက တစ်ခုပါပဲ။အစ်ကို့ကို ဒီတိုင်းသဘောကျနေရတဲ့ စိတ်လေးနဲ့ ပဲ ကျွန်မရဲ့ဘဝကို အလှပဆုံး၊
အအေးချမ်းဆုံးဖြစ်အောင် တည်ဆောက်နေပါတယ်။ လွယ်တော့မလွယ်ဘူးပေါ့အစ်ကိုရယ်။ အချိန်တစ်ခုတော့ ကြာဦးမှာပေါ့။2:09 PM
10 / Dec / 2020
![](https://img.wattpad.com/cover/223472107-288-k26211.jpg)