( fifteen )

278 36 4
                                    

မျက်နှာလေးတွေ့ရတော့ ထုံးစံအတိုင်း
စာလေးရေးချင်လာမိတယ်။
တော်ရုံဆို ခံစားချက်တော်တော်များများ
ထုတ်မပြတတ်ပေမယ့် ဒီတိုင်း
အစ်ကို့ကို အရမ်းလွမ်းလို့ ။

ဒီရက်ပိုင်း comeback လည်းရှိနေတော့
အစ်ကိုတစ်ယောက် အလုပ်တွေရှုပ်နေမလား?
ထမင်းရော ပုံမှန်စားဖြစ်ရဲ့လား?
အိပ်ချိန်တွေရော မှန်ပါ့မလား?
Practices တွေ အရမ်းလုပ်ပြီး အားအင်တွေ ကုန်ခမ်းနေမလား?
အကယ်၍ အဲ့လိုဖြစ်နေခဲ့ရင်ရော အစ်ကို့အနား ဘယ်သူရှိနေပါ့မလဲ?

အဲ့လိုအချိန်တိုင်းကျွန်မ က အစ်ကို့ဘေးမှာ မရှိပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်။
အစ်ကို့ဘေးမှာ မရှိပေးနိုင်ပေမယ့်
အမြဲ အစ်ကို့ဘက်မှာပဲ ရှိနေတယ်ဆိုတာ
သိထားပေးပါ။
အစ်ကိုကတော့ ဒီတိုင်း အစ်ကိုစိတ်ပါတဲ့အလုပ်တွေလုပ်ရင်း ပျော်နေရင် ကောင်းမယ်။
ကျွန်မက အစ်ကိုဘာလုပ်လုပ် အမြဲအားပေးနေမယ့် အစ်ကို့ရဲ့ နံပါတ် (၁) ပရိတ်သတ်ပါ။

ဒီစကားတွေကို ဒီလိုနေရာကနေမဟုတ်ပဲ တစ်ခါလောက်တော့ အစ်ကိုရှေ့မှာ ပြောပြချင်မိတယ် ။

တစ်နေ့နေ့တော့ ကျွန်မက အစ်ကိုရှိတဲ့ နေရာကို အရောက်လာနိုင်ခဲ့ရင်ကောင်းမယ်။

2:49 PM
17 / Nov/ 2020

just for only V (김태형)♡Where stories live. Discover now