Destiny Between Us 37

1.3K 193 19
                                    

Unicode

အန်ကယ် အာသာ၏အမေးစကားကြောင့်...

"အာာ..."ရုတ်တရက် ဟယ်ရီဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်နေတုန်း ဒရာဂိုက မျက်နှာခပ်တည်တည်နှင့်

"ကျွန်တော်ပါ..ဂေးက..ဟယ်ရီက မဟုတ်ပါဘူး..."

"ဟမ်!..ဟင်!..အမ်!..ဘယ်လို!.." ဝီစလေမောင်နှမတစ်သိုက်၏ အံ့ဩသွားဟန် အသံတွေပင်..

ဂျော့ရှ့်က " တကယ်က နှစ်ယောက်လုံး တူတူပဲမဟုတ်လား!. ငါ့နှယ်ပြောလိုက်ရမကောင်းဘူး...."ဟုတစ်ကိုယ်ထဲရေရွတ်လိုက်သလို ဘေးမှာထိုင်နေသည့် ဘီလ်းက နုတ်ခမ်းစိကာပြုံးစိစိနှင့်....

ထို့အတူ "ခွီး!!..." ရွန်တို့နှင့် ဂျင်းနီတို့စုံတွဲနှစ်တွဲ ကြိတ်ရယ်သည့်အသံက အပြင်သို့ထွက်လာလေသည်။ အာသာဝီစလေတို့လင်မယားကတော့ ဒရာဂိုဘာပြောမလဲဆိုတာကိုစောင့်နေကြသည့်ပုံဖြစ်တာကြောင့် ဒရာဂိုဆက်ပြီး

"အမှန်တိုင်းဝန်ခံရရင် ကျွန်တော်က စပြီး ဟယ်ရီ့ကိုချစ်တာပါ..အဲ့တုန်းက ကျွန်တော် အသက်‌ခြောက်နှစ်ပဲရှိ‌သေးတာ..."

"ဟေ!..."

"ဘဝမှာ နာမည်ကြားဖူးရုံလေးနဲ့တင် ၊သူဟာဖြူသလား
မဲသလား ၊‌ဖောင်းသလားပိန်သလား ဘယ်လိုပုံစံ
မှန်းမသိပဲနဲ့တောင် လူတစ်ယောက်ကို သူ့နာမည်လေး ကြားရရုံနဲ့ ရင်ထဲစိတ်လှုပ်ရှားမိတာမျိုး ဖြစ်ဖူးသလား..မစ္စတာ နဲ့ မစ္စစ်ဝီလေ ခင်ဗျား..."

"အဲ့...အဲ့လိုမျိုးကဘယ်ရှိနိုင်ပါ့မလဲ..." ဒရာ့ဂိုအမေးအား မော်လီ မဖြစ်နိုင်တဲ့အရာပဲဆိုသည့် ပုံစံဖြင့်ပြန်ဖြေလေသည်...

" ကျွန်တော့်မှာတော့ရှိခဲ့တယ်။.." ဒရာဂိုပြောရင်း
နှစ်နှစ်ကာကာပြုံးလိုက်လိုက်ပြီး ဆက်ကာ

" ကျွန်‌တော့အတွက် ဟယ်ရီပေါ်တာ ဆိုတဲ့နာမည်လေး
ကြားရုံနဲ့တင် စိတ်လှုပ်ရှားခဲ့ရတယ်၊ အမြဲတမ်းတည်တင်းနေရမယ့်ဆိုတဲ့ အဖေ့ရဲ့အမိန့်ကိုတောင် ချိုးဖောက်ရဲခဲ့တယ်..အကျိုးဆက်က အဖေ့ရဲ့ ‌‌တုတ်ကောက်နဲ့ ရိုက်တာ ခဏခဏခံရတာပဲ..သူ့ပုံစံဘယ်လိုဆိုတာတောင်မသိဘူး နာမည်လေးတစ်ခုနဲ့သူက ဘယ်လိုဖြစ်ခဲ့တဲ့ က‌လေးဆိုတာလေးပဲသိရတာလေးတစ်ခုထဲနဲ့တင် စိတ်ကူးအမျိုးမျိုးယဉ်ခဲ့ဖူးတယ်...
နဖူးမှာ မိုးကြိုးသွားပုံ အမာရွတ်ရှိတယ်ဆိုပြီး
မာမီပြောတုန်းက ကိုယ့်မှာလည်း အဲ့လိုအမာရွတ်
လိုချင်တယ်လို့ ပူဆာဖူးတယ်..အဲ့ဒါကိုအဖေသိလို့
တပတ်တိတိ အစာဖြတ်ပြီး အခန်းပိတ်ထားတာ
ခံရဖူးတယ်..အဖေမသိအောင် မာမီက အစာခိုးကျွေးခဲ့လို့ ငတ်ပြီးမသေခဲ့တာလေ....

Destiny Between UsWhere stories live. Discover now