Destiny Between Us 50

1.3K 158 26
                                    


Unicode

တအိမ်သားလုံး ချက်ချင်းပင် ထိုကလေးငယ်ကို
ပွေ့ချီထားသော သမားတော်ငယ်အနားသို့ စုသွားလေသည်။
ဒရာဂို အနှီးထုပ်ထဲမှ ကလေးကိုပွေ့ယူပြီး ကြည့်လိုက်ရာ
ငယ်ရဲ့ မျက်လုံးနဲ့တစ်ပုံစံထဲရှိပီး မိမိအတိုင်း ငွေမှင်ရောင်
ဆံပင်ပေါက်လေးများနှင့် လုံးလုံးတစ်တစ်ရှိသည့် ပါးဖောင်းဖောင်းလေးနှင့် အင်မတန်ကိုမှ ချစ်စရာကောင်းပေသည်။
ဒရာဂို ကလေးက်ုကြည့်ရင်း သမားတော်အား

"ကျွန်တော့ရဲ့ အထဲကိုဝင်လို့ရပြီလား...
ကျွန်တော့အမျိုးသား ကိုတွေ့ချင်နေပြီမို့.."

"အာ..ဝင်လို့ရပါတယ်...အခုတော့ အိပ်ပျော်နေလိမ့်ဦးမယ်..
ချုပ်ရိုးကျက်အောင် ဆေးတိုက်ထားတော့ ဆေးအရှိန်နဲ့ အိပ်ပျော်နေမှာပါ..."

"ရပါတယ်.."ဟုပြောပြီး ကလေးကို အမေဖြစ်သူလက်ထဲ
ပြောင်းထည့်ပေးကာ အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

ပင်ပန်းတာကြောင့် မျက်နှာမှာ အတန်ငယ် ဖြူဖျော့စွာနှင့် ခုတင်လှဲလျှောင်းလျှက် အိပ်ပျော်နေသော ဟယ်ရီ့ဘေးသို့
ရပ်ကာ လက်လေးအားတယုတယနှင့် ဆွဲယူအုပ်မိုးကာ
နမ်းလိုက်ပြီး

"ကိုယ့်ရဲ့ ငယ် ပင်ပန်းသွားရပြီ..သားက ငယ့်လိုပဲ
အစိမ်းရောင် မျက်လုံးလေးနဲ့ သိလား..."

ပြောပြီးတာနဲ့ နဖူးပေါ်ရှိ ဝဲ့ကျနေသော ဆံစလေးများကို
သပ်တင်ပေးကာ အနမ်းတစ်ပွင့် ပေးလိုက်ပြီး
အိပ်ပျော်နေသည့် ဟယ်ရီ့အား ကြည်နူးစွာ ပြုံး၍
ကြည့်နေလေသည်။ ပစ္စည်းများအားလုံး သိမ်းပြီး
သွားပြီးဖြစ်သော သမားတော်ကြီးနှင့် အကူ
သမားတော်ငယ်မှာတော့ ဒရာဂို၏ ဟယ်ရီ့အပေါ်အခုလို သည်းသည်းလှုပ်ချစ်သည့်ပုံကိုမြင်ကြရကာ
တစ်ကိုယ်သမားအဖြစ်ရပ်တည်နေသည့်
သမားတော်ကြီးက

"တချို့တွေများ အချစ်ကံကောင်းလိုက်တာ
သည်သည်းလှုပ်ကိုပဲ တို့များကျတော့လည်း...
အားကျရုံမှလွဲ ဘာမှ မရှိတဲ့..ငါ့ဘဝလေးဟာ သနားစရာပါလားနော်.."

"ဟုတ်ပနော်...ချစ်တတ်လိုက်တာမှ တုန်နေတာပဲ..."

ထို့နောက်ကလေးအား သေချာပြင်ဆင်ပေးပြီးနောက်
ကလေားရော လူကြီးအတွက်ပါ ဆောင်ရန်ရှောင်ရန်
ရှိသည်များကို မှတ်သားပေးကာ နောက်ရက်မှ တခါပြန်လာမယ် ဟု ပြောပြီးသမားတော်ကြီးတို့ ပြန်သွားကြလေသည်။
.
နာစစ်ဆာလည်း ပွေ့ချီထားသည့် မြေးအငယ်ဆုံးလေးကို
ဆေးအရှိန်နှင့် အိပ်ပျော်နေသော သားမက်၏ ရင်ခွင်ထဲ
ထည့်ပေးကာ မိခင်၏ရင်ငွေ့အား လှုံစေလိုက်သည်။

Destiny Between UsWhere stories live. Discover now