Destiny Between Us 11

2.5K 348 71
                                    

Unicode

အစိုင်းမန့်..စာ‌စောင်တွေ အာလုံးစစ်ပြီးသွားတော့
ခဏလေးပဲလို့မှတ်ထားသော အချိန်က တစ်နာရီ‌ကျော်ကျော်လောက်ကြာသွားလေသည်။ ဆရာမ မေရီဆီကို
မေးလ်းအားလုံးပို့ပြီးနောက် အပြင်ထွက်လာတော့
နှစ်ယောက်ကအိမ်ထဲပင်ပြန်ရောက်နေချေပြီ၊ သားကကြည့်နေကျ ကာတွန်းကြည့်နေပြီး ကိုယ့်သည်းငယ်က
ခုံအနောက်မှီပြီးအိပ်ပျော်နေလေတယ်...

နာရီက ခြောက်နာရီကို မိနစ်သုံးဆယ် စွန်းစွန်းဖြစ်နေပြီမို့ မီးဖိုချောင်သို့ သွားကာ ညစာကို ချက်ပြုတ်ဖို့ မြန်မြန်ဆန်ဆန်ပဲ ပြင်ဆင်လိုက်သည်။ သိပ်ပြီးလည်း ပြုလုပ်ရသည့် အဆင့် မများတဲ့ ဟင်းတွေဖြစ်တာမို့ တစ်နာရီလောက်
အကြာမှာပဲ အားလုံးချက်ပြုတ်လို့ ပြီးစီးသွားပြီဖြစ်တာမို့ စားသောက်ရန် အသင့်ပြင်ထားလိုက်ပြီး ဧည့်ခန်းသို့လာခဲ့လိုက်သည်။

ဧည့်ခန်းရောက်သွားတော့ စောစောနက ကာတွန်းကားကြည့်နေသည့် သားကပါ သည်းငယ်ရဲ့ဘေးကိုသွားပြီး
မှီကာ အိပ်ပျော်နေတာကို တွေ့လိုက်ရလေသည်..
ဒရာဂို နှစ်ချိုက်စွာပြုံးလိုက်ပြီး ထိုင်ခုံပေါ်အိပ်နေသည့်
နှစ်ယောက်သားအား နိုးလိုက်လေသည်။

သည်းငယ်ရဲ့ ပုခုံးကို အသာကိုင်ကာ
"ဟယ်ရီ....ဟယ်ရီ...ထ..ထတော့.."

"ဟင်!...ငါအိပ်ပျော်သွားတာပဲ..." ဘေးကို
ကြည့်လိုက်တော့ သူ့ကိုမှီပြီးအိပ်နေတဲ့ စကောပီလေးကို နိုးနေတဲ့ဒရာဂို့ကိုတွေ့ရသည်....

"ညစာစားကြစို့လေ....အိပ်သင့်တဲ့ အချိန်မဟုတ်ပဲ နှစ်‌ယောက်လုံးအိပ်နေကြတာ နှစ်နှစ်ချိုက်ချိုက်ကိုပဲ...
ညစာစားဖို့မေ့များနေကြတာလားဟမ်...."

"မဟုတ်ပါဘူး!!..." ဟယ်ရီရော စကောပီပါ ပြိုင်တူ
ဖြေလိုက်ကြသည်။..နောက်‌တော့ စကောပီလေးက ဟယ်ရီ့ဘေးမှအိပ်နေရာမှ ထပြီး ဒရာဂို့ပေါ် ကုတ်တက်သွားကာ..

"ဒယ်ဒီ...."

"အင်း.."

"ဦးဦး ဟယ်ရီ့ရဲ့ နဖူးမှာလေ...ဒယ်ဒီ့ ရင်ဘက်ကလိုမျိုး
အမှတ်ကြီးရှိတယ်..သိလား..အဲ့ဒါနဲ့ ပိုးတုံးလုံးလေးလဲ ပြောပြလိုက်တယ် ဒယ်ဒီ့ဆီမှာလည်းရှိတယ်လို့..."

Destiny Between UsWhere stories live. Discover now